Channel Myanmar

Mariesa Crouse

The Wedding Cottage (2023) 7.1
The Wedding Cottage (2023)  မင်္ဂလာပွဲစီစဉ်သူတစ်‌ ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်‌ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာ‌မှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie

The Wedding Cottage (2023)

To All the Boys: Always and Forever (2021) 6.3
To All the Boys: Always and Forever (2021) To all the boys : Always and Forever (2021)လာရာဂျိန်းဟာ ချစ်သူနဲ့ စတန်ဖိုဒ့်တက္ကသိုလ်မှာအတူတူတက်ရင်း အနာဂါတ်အတွက် အိပ်မက်တွေအများကြီးမက်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ဦးပါ။ဒါပေမဲ့ လာရာဟာ အားကစားသမားတစ်ဦးဖြစ်တဲ့ ချစ်သူ ပီတာနဲ့ စတန်ဖို့ဒ်တက္ကသိုလ်အတူတက်ဖို့ စိတ်ကူးထားပေမယ့် ဘဝဟာ စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ဒါ့အပြင် လေ့လာရေးခရီးသွားရင်း နယူးယော့ခ်မြို့ကိုချစ်မိသွားတဲ့ လာရာတစ်ယောက် နောက်ဆုံးမှာတော့ နယူးယော့ခ်တက္ကသိုလ်ဟာ သူတက်ချင်တဲ့တက္ကသိုလ်ဖြစ်တာကို နားလည်သွားခဲ့ပါတယ်။ချစ်သူနဲ့အတူတူ အနာဂါတ်ခရီးကိုဖြတ်သန်းချင်ပေမယ့်ဘဝခရီးအတွက် ရွေးချယ်ဖို့ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်မှာတော့လာရာတစ်ယောက် သူ့ရည်ရွယ်ချက်ကိုလည်း လက်မလွှတ်ချင်ခဲ့ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ အချစ်နဲ့ အနာဂါတ်ဘဝရည်ရွယ်ချက်တွေကြား ဒွိဟဖြစ်နေတဲ့ဆယ်ကျော်သက်တစ်ယောက်..ချစ်သူနဲ့နီးစပ်ဖို့ကိုပဲရွေးချယ်မလားသူဖြစ်ချင်တဲ့လမ်းကိုပဲ ဆက်လျှောက်သွားမလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင်အထက်တန်းကျောင်းသားတွေရဲ့လူငယ်ဘဝနဲ့ အနာဂါတ်အတွက်ရွေးချယ်မှုတွေကို မြင်တွေ့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်File size… 1.7GB and 750MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Lwin Aung Encoder ..... August
movie

To All the Boys: Always and Forever (2021)

2021