Channel Myanmar

Marijana Jankovic

Department Q: The Keeper of Lost Causes(2013) 7.2
Department Q: The Keeper of Lost Causes(2013)  ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေးဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့်အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကိုရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနကအသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်းဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီးအမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါနောက်ကွယ်က ...
movie

Department Q: The Keeper of Lost Causes(2013)

The House That Jack Built (2018) 7.2
The House That Jack Built (2018) Rating 7.2 နဲ့ ကြည့်ဖူးသမျှလူသတ်ကားတွေထဲမှာအမိုက်ဆုံးလို့ပြောလို့ရတဲ့ လူသတ်ကားဖြစ်ပါတယ်...တချို့တွေက ကိုယ်တန်ဖိုးတဲ့အရာကိုဖန်တီးတာကိုအနုပညာလို့ယူဆကြပါတယ်...ဒါပေမယ့် လူသတ်တာကို အနုပညာတစ်ခုလိုသဘောထားပြီးလုပ်တာကတော့ တော်တော်ကြီးကိုဆိုးဝါးတဲ့အလုပ်ပါ....ဂျက်ဆိုတဲ့လူဟာ လူတွေကိုအကြောင်းမရှိဘဲနဲ့ လိုက်လံသတ်ဖြတ်နေတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ်သူဟာတခြားသောလူသတ်သမားတွေနဲ့မတူဘဲ လူသတ်ရသည်ကိုဂန္တ၀င်အနုပညာရပ်တစ်ရပ်အနေနဲ့တွေးပြီး ကျူးလွန်တတ်တဲ့သူပါသူ့အနေနဲ့ ဘယ်လိုဘယ်ပုံတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့...လူသတ်ကားတွေကိုမှကြိုက်တဲ့လူတွေအတွက်စနစ်တကျလူသတ်နည်းတွေနဲ့များလှသောလူသတ်ခန်းတွေပါလို့Rating လည်းးလန်းတယ် လူသတ်တာတွေလည်းပက်စက်တယ်ဆိုတော့ ....ကဲ ကြည့်ကြမှာလား မကြည့်ကြဘူးလား...... File Size : (1 GB) and (304MB)Quality : WebDL 720pRunning Time :2hr 32minFormat : Mp4Genre : Drama , HorrorSubtitle : Myanmar Subtitle (Hard Sub)Translated by Pone ThoneEncoded by Moe Myint Lwin
movie


2018