Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marini Soerjosoemarno
5.1
Asih (2018)
Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie
Asih (2018)
2008
6.2
Asih 2 (2020)
Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie
Asih 2 (2020)
2020