Channel Myanmar

Marissa Sanchez

Working Boys 2: Choose Your Papa (2023)
Working Boys 2: Choose Your Papa (2023) Working Boys 2 : Meet Your Papa (2023)အလုပ်တက်နေရတဲ့ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဖွင့်ရက်မှာ ပင်ပန်းသမျှဖြေဖျောက်နိုင်မယ့် အခွီတစ်လိုင်းကားလေးဖြစ်တဲ့ Working Boys 2ဆိုတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဖိလစ်ပိုင်ဆိုပေမဲ့ ဒရာမာတွေလျှော့ထားပြီး ဟာသဘက်ကိုပိုထားတာဆိုတော့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေလည်း အဆင်ပြေပါကြောင်း။ပျင်းတာမှ ပျင်းပါတယ်ဆိုတဲ့သူကပါ အဘခေါ်ရလောက်အောင် သွားတိုက်ဖို့တောင်ပျင်းနေလို့ အမြဲခံတွင်းအနံ့ဆိုးနေတဲ့ ဘုရားစူးညစ်ပတ်အိုးလေး ဒရာမာကင်းဘီဘွိုင်း ရင်သားကြီးနေတဲ့အစ်ကိုကို ဆေးကုပေးချင်ပေမဲ့ ပိုက်ဆံမရှိလို့ ရရာအလုပ်ကို အရလုပ်မယ့် အလုပ်သရဲလေး မက်ကွိုင်း အစ်ကိုအိမ်မှာ အလုပ်မလုပ် ခိုကပ်စားသောက်ရေသာခိုအချောင်လိုက်နေလို့ မရီးဖြစ်သူရဲ့အမြဲဆဲဆိုခံနေရတဲ့ အချောင်နေအချောင်စား ရွိုင် အသက်ကြီးနေပြီဖြစ်တဲ့ အဘိုးနဲ့အဘွားကို ပြန်လုပ်ကျွေးချင်လို့ အလုပ်ရှာချင်တဲ့ မြေးလိမ္မာလေး မက်စ် ချမ်းသာပေမဲ့ ကိုယ့်အားကိုယ်ကိုးချင်တဲ့ မာမားဘွိုင်းလေးဖြစ်တဲ့ ဘီဂျေ ဒီလူလေးယောက် အလုပ်ရှာရင်းနဲ့ ဆန္ဒပြပွဲမှာ ရုန့်ရင်းဆန်ခတ်မှုထဲပါသွားပြီး အချုပ်ခန်းထဲမှာ ဖူးစာဆုံကြတဲ့အခါ... စခန်းကအရာရှိကြီးကို ဟင်းလာပို့တဲ့ သူတို့အားလုံးနဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဦးလေးပါပီတို့လင်မယားနဲ့ တွေ့ရပြီးတော့ ဦးလေးကောင်းမှုနဲ့ အချုပ်ကလွတ်ပြီး သဘောကောင်းတဲ့ဦးလေးအိမ်မှာ ဦးလေးရဲ့မွေးစားသားဖြစ်တဲ့ အားလုံးက ဇွတ်ကျားလေး လို့ထင်နေတဲ့ နီကီနဲ့အတူနေရဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ထူးဆန်းတဲ့အကျင့်စရိုက်ကိုယ်စီနဲ့ ...
movie

Working Boys 2: Choose Your Papa (2023)

2023
[18+] Ligaw na bulaklak (2023)
[18+] Ligaw na bulaklak (2023) Ligaw na bulaklak (2023)ကယ်ဗင်ပတ်စ်ကွယ်ဟာ တက်သစ်စမင်းသားတစ်ယောက်ဖြစ်ပြီး လတ်တလော ကားရိုက်များနေတာကြောင့် အနားယူချင်နေတယ်လို့ သူ့ဘေးနားက လူတချို့ကို ပြောထားခဲ့မိပါတယ်။တစ်နေ့မှာ ရိုက်ကွင်းအပြီး ပါတီတစ်ခုကအပြန်လမ်းမှာ မတော်တဆမှုကြုံပြီး သတိလစ်မေ့မျောသွားခဲ့ပါတယ်။သူနိုးထလာချိန်မှာတော့ သူဟာ တဲတစ်လုံးကိုရောက်နေပါတယ်။ ခြေထောက်မှာလည်း ဒဏ်ရာရထားတဲ့ သူ့ကို မိန်းမလှလေးတစ်ယောက်က ပြုစုပေးနေတာကိုတွေ့လိုက်ပါတယ်။ အဲဒီမိန်းကလေးဟာ သူ့ကို အားရှိတယ် အနာကျက်သက်သာတယ်ဆိုပြီး ဘာမှန်းမသိတဲ့ ပရဆေးတွေ အတင်းတိုက်ကျွေးလေ့ရှိတယ်။ သူတို့နေတဲ့နေရာဟာ ဝေးလံခေါင်ဖျားလွန်းပြီး လူရယ်လို့ ဒီမိန်းကလေးအပြင် စကားလုံးဝမပြောတဲ့ ဒွန်ဆိုတဲ့လူကြီးတစ်ယောက်သာရှိပါတယ်။ကယ်ဗင် တစ်စထက်တစ်စ ရိပ်စားမိလာတာက ဒီနှစ်ယောက်ဟာ သူ့ကိုကယ်တင်ထားတယ်ဆိုတာထက် အကျဉ်းချထားသလိုသဘောထားပြီး ဒီနေရာကပြန်လွတ်ဖို့ လမ်းစမမြင်ဘူးဆိုတာပါပဲ။ ဖုန်းလိုင်းမမိ အကူအညီတောင်းစရာ တစ်ခြားလူရယ်လို့မရှိတဲ့ ဒီနေရာကနေ သူဘယ်လိုအလွတ်ရုန်းမလဲ...Chloe Jenna, Sheila Snow နဲ့ Sheree တို့လို အမိုက်စားမင်းသမီးသုံးယောက်အပြိုင်ကြဲထားတဲ့ကားပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, ...
movie

[18+] Ligaw na bulaklak (2023)

2023
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023) Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie

Baby Boy, Baby Girl (2023)

2023
[19+]Salamat Daks(2023) 6.7
[19+]Salamat Daks(2023) [19+]Salamat Daks(2023)***********************အိပ်ရာခန်းအမိုက်စားတွေ လွန်စွာများပြားလွန်းသဖြင့် မိသားစုနဲ့အတူမကြည့်သင့်ပါ... မာရီကာ ဆိုတဲ့အသက်ငါးဆယ်အရွယ်အမျိုးသမီးကြီးဟာ သူ့ဘဝတစ်လျှောက်လုံးမိခင်ဖြစ်သူကိုပြုစုစောင့်ရှောက်ရင်းကုန်ဆုံးခဲ့ရပြီး သူ့မိခင်ဆုံးပါးသွားတဲ့နောက်မှာတော့ အဓိပ္ပါယ်မဲ့လမ်းပျောက်သွားသလိုအထီးကျန်စိတ်ဓာတ်ကျနေရပါတယ်။သူငယ်ချင်းဖြစ်သူရဲ့ အားပေးမှုနဲ့ပျော်စရာ စိတ်တက်ကြွစရာတွေကိုရှာဖွေရင်းသူ့ဘဝရဲ့အဓိပ္ပါယ်သစ်လေးတစ်ခုအဖြစ်တွေ့ရှိခဲ့ရတာကတော့ တစ်တော့ဆယ်လီ မစ်ကိုဆိုတဲ့လူငယ်လေးတစ်ယောက်ပါပဲ။ တကယ်တမ်း မစ်ကိုဘဝထဲဝင်တိုးဖို့ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့အတွက်ကြံရာမရဖြစ်နေရင်းက ကြေငြာကောင်းတဲ့ ပလက်စတစ်ဆာဂျရီဆေးခန်းတစ်ခုကိုတွေ့ခဲ့မိပါတယ်။အဲ့ဒီမှာပဲ အရူးအမူးဖြစ်နေတဲ့ မာရီကာဟာရှိသမျှစည်းစိမ်တွေပုံအောပြီး သူ့ထက်အသက်ထက်ဝက်လောက်ငယ်ရွယ်တဲ့ တက်သစ်စမင်းသမီးလေးအယန်နာမီဆိုလာနဲ့တူအောင်အသွင်ပြောင်းလိုက်ပါတော့တယ်။ ဒီလိုပဲ သူတွက်ဆမိတဲ့အတိုင်းပြောင်းယူထားတဲ့အသွင်သစ်နဲ့ မစ်ကိုရဲ့အချစ်ကိုလည်းရရှိခဲ့ပြီးမိုးမမြင်လေမမြင်ဖြစ်နေခဲ့တဲ့နောက်မှာတော့..။ သူ့ရဲ့အိမ်မက်လေး ဘယ်လောက်အထိတည်မြဲနိုင်မလဲ?အသက်ချင်းကွာခြားလွန်းတဲ့ လူငယ်လေးမစ်ကိုရဲ့အလိုဆန္ဒတွေကို စိတ်သွားတိုင်းကိုယ်ပါနိုင်ပါ့မလား? မုသားနဲ့စခဲ့တဲ့ အချစ်တစ်ခုဟာ အစစ်အမှန်ဖြစ်နိုင်ပါ့မလား? ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးချောလေး ayanna misola (Bugso,Bula)ကိုယ်တိုင်ကပဲ ayanna misola /carrie အဖြစ်ခေါင်းဆောင်ပါဝင်ထားပါတယ်။    File Size :(1.4GB) and (685MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:31:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by sd Encoded by ds 
movie

[19+]Salamat Daks(2023)

[18+] Expensive Candy (2022) 7.2
[18+] Expensive Candy (2022) Expensive Candy (2022)~ IMDb - 7.2/10, MyDramaList - 7.4/10 ~ရီနာတို ခေါ် တိုတိုဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်တဲ့အထိ အချစ်အကြောင်းသိဖို့‌နေနေသာသာ လူပျိုရည်တောင်မပျက်သေးတဲ့ ရိုးရိုးအေးအေးသမားလေးပါ။ အရွယ်ရောက်ပြီး အမြီးမပေါက်နိုင်တဲ့သားဖြစ်သူအတွက် စိတ်ပူနေတဲ့မိခင်ဖြစ်သူက တစ်နေ့တော့ မုန့်ဖိုးပေးပြီး ကောင်မလေးတစ်ယောက်နဲ့မုန့်ထွက်စားခိုင်းပါတယ်။ ကျောင်းမှာကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စနောက်ကြသလို မိခင်ကပါ ဒီကိစ္စမှာပါလာတော့ စိတ်လေနေတဲ့ တိုတိုဟာ ခြေဦးတည့်ရာလျှောက်သွားရင်း သူ့အမေပေးတဲ့မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ခဲ့ပါတယ်။ မုန့်တော့မဟုတ်ပါဘူး။ ကန်ဒီဆိုတဲ့ ဈေးကြီးကြီး ဇိမ်မယ်လေးတစ်ယောက်ကိုပါ။တစ်ခါမှ မိန်းမအတွေ့အကြုံမရှိဖူးတဲ့အပြင် သူ့ရဲ့ပထမဆုံးအတွေ့အကြုံကလဲ အရမ်းလှ အရမ်းတောင့်ပြီး ဒီကိစ္စမှာ အရမ်းကျွမ်းကျင်တဲ့ပညာသည်တစ်ယောက်ဖြစ်နေတဲ့အလျောက် တိုတိုတစ်ယောက် အရူးအမဲသားကျွေးမိသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ တစ်လလုံးလုပ်မှ ၇၀၀၀ ကျော်ရတဲ့ကျောင်းဆရာလေးဟာ တစ်ရှော့ကို ခုနှစ်ရာတန်တဲ့ကန်ဒီကို အခွင့်အရေးရရင်ရသလိုတွေ့ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်သက်လုံး မက်စရာလို့မထင်ခဲ့ရတဲ့ငွေကို သူဟာ နည်းလမ်းပေါင်းစုံနဲ့ရှာပါတယ်။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကန်ဒီကိုတွေ့ရဖို့ပါပဲ။ ...
movie

[18+] Expensive Candy (2022)

2022
5 in 1 (2022)
5 in 1 (2022) (18+) 5 in 1(2022)ကားနာမည်ကြားတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေတာကတော့ ဒီဇာတ်ကားပါပဲဒီဖိလစ်ပိုင်ကားမှာတော့ Johnny Dick Jordi ဆိုတဲ့ ဘဲကြီးက 5 in 1 coffee ဆိုပြီး သောက်ဆန်းကြီးကို‌တည်ထောင်ပြီး ဥစ္စာပေါရုပ်ချောရေလျှံနေတဲ့ ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ဒါပေမဲ့ ရေလျှံတဲ့ဘဲတွေထုံးစံအတိုင်းသူက ကော်ဖီကိုတင် 5 in 1 လုပ်ခဲ့တာမဟုတ်ပါဘူး ဒီလိုနဲ့ဖိလစ်ပိုင်ကျော်ကြီးတစ်ယောက် ကံဆိုးစွာနဲ့ ရောဂါကြောင့်ငယ်ငယ်ရွယ်ရွယ်သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုအမွေဆက်ခံဖို့ သူ့ရည်းစားဟောင်း ၅ ဦး ဖြစ်တဲ့ လာနာ ရို့စ်၊ မီယာ ကာလီဆာ၊ မာရီယာ အိုဆာကာ၊လက်ဆီ လောရိုက်စ်၊ ရီလေ ရတ်ပါဆိုတဲ့ ဆော်အလန်းလေးတွေကို သူ့အသုဘကို ဖိတ်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ထဲက ဘယ်သူကများ မစ္စတာ Dick ရဲ့ အမွေကိုဆက်ခံနိုင်မှာလဲ... ဒီလိုနဲ့ စားဘဲကြီးနဲ့ သူတို့ရဲ့အမှတ်တရအတိတ်နေ့ရက်လေးတွေကို ပြန်ပြောပြရင်း စားဘဲကြီးရဲ့ဆော် ၅ယောက်ကို တစ်ပြိုင်နက်ထဲဘယ်လို အ‌ကွက်ရွှေ့ပြီးတွဲသွားလဲ ဘယ်လိုတော်ကီတွေ tactics တွေသုံးသွားလည်းဆိုတာကို ညိုကီတို့နည်းနာယူရမှာပဲဖြစ်ပါတယ် ဒါပေမဲ့လည်း ‌စားဘဲကြီးဖြစ်ပေမဲ့ စားဖို့လောက်ပဲသိတဲ့ ဘဲကြီးလို့တော့မထင်လိုက်ပါနဲ့ ‌ အမျိုးသမီးတွေရဲ့ဘဝဒုက္ခကိုကူညီပေးရင်း အလင်းလမ်းကိုပြသတဲ့ ကျော်ကြီးရဲ့ဖြူစင်တဲ့နှလုံးသားကူညီတတ်ပုံတွေကိုလည်း မြင်တွေ့ရမှာပါဒါပေမဲ့ ...
movie

5 in 1 (2022)

(18+) Boy Bastos (2022) 7
(18+) Boy Bastos (2022) Boy bastos 2022 Comedy/ 18+၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာအာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်းရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်းခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက်ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြားအဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါအဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီ‌ကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီ‌ဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြားဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေးကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။  File size…1.6GB / ...
movie

(18+) Boy Bastos (2022)

2022