Channel Myanmar

Marit Nissen

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)

Under the Tuscan Sun (2003) 6.7
Under the Tuscan Sun (2003)  ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။  File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Under the Tuscan Sun (2003)

L’uomo sulla strada (2022) 6.2
L’uomo sulla strada (2022) L'uomo sulla strada (2022)~ IMDb rating - 6.2/10 ~ဒီကားက‌တော့ 2022 ကထွက်ရှိထားတဲ့ အီတလီ သည်းထိတ်ရင်ဖို အချစ်ကား​တစ်ကားပါ။အသက်ရှစ်နှစ်အရွယ်တုန်းက အီရန်နာတစ်​ယောက် အ​ဖေနဲ့ ကစား​နေတုန်း မျက်စိ​ရှေ့မှာတင် သူ့အဖေ ကားနဲ့တိုက်ခံလိုက်ရတာကို ​တွေ့ကြုံလိုက်ရပါတယ်။ အမှုရဲ့တစ်ခုတည်း​သော မျက်မြင်သက်​သေ ဖြစ်တဲ့ အီရန်နာတစ်​ယောက် တရားခံဖြစ်သူရဲ့ မျက်နှာကို မမှတ်မိလို့ အမှုမှန်မ​ပေါ်​ပေါက်ခဲ့တာကို အရွယ်​ရောက်ခါတဲ့အထိ စိတ်ထဲတာဝန်မကင်းဖြစ်​နေခဲ့ရပါတယ်။ အဲဒီစိတ်​ကြောင့်ပဲ ​ကျောင်းမှာ အဆင်မ​ပြေဖြစ်ပြီး စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ပါ​တော့တယ်။တစ်ဖက်မှာလည်း တစ်ရက် သူငယ်ချင်း​တွေနဲ့ ​​သောက်စား​ပျော်ပါးပြီးအပြန် ​ကောင်မ​လေးတစ်​ယောက်ကို ဖွန်​ကြောင်ဖို့ကြိုးစားရင်း မထင်မှတ်ပဲ အီရန်နာ့အ​ဖေကို သတ်မိသွားတဲ့ မီခဲတစ်​ယောက် ​နောင်တ​တွေများစွာနဲ့ အ​ဖေ့စက်ရုံမှာ လုပ်​နေရင်း တစ်​နေ့ အီရန်နာ စက်ရုံကို​ရောက်လာတဲ့အခါ မီခဲတစ်​ယောက် ဘယ်လို​တွေတုံ့ပြန်ခဲ့လဲ... တုံ့ပြန်ရာကနေ အချစ်ဆိုတဲ့ခံစားချက်​တွေ​ ဘယ်လို ပြောင်းလဲသွားလဲ... ဆိုတာ​တွေကို ကြည့်ရမယ့် ...
movie

L’uomo sulla strada (2022)

2022