Channel Myanmar

Marjorie Lovett

The Birdcage (1996) 7.2
The Birdcage (1996) "ကမ္ဘာပေါ်မှာ ငါ့အတွက်အိမ်လို့ခေါ်နိုင်တဲ့နေရာက တစ်ခုတည်းပဲရှိတယ် အဲဒါကမင်းရှိနေတဲ့နေရာပဲ" Armand Goldman (Owner of the Birdcage)IMDB 7.2, Rotten Tomatoes 83% ရထားတဲ့ ဒီ The Birdcage (1996)ဆိုတဲ့ LGBT/Comedyကားလေးမှာတော့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Nathan Lane (Mouse huntမင်းသားကြီး)နဲ့ Robin Williams (Jumamji 1995မင်းသားကြီး)တို့က အဓိကပါဝင်ထားကြတာပါ.."ဇာတ်လမ်းအကျဉ်း" အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေဝတ်ပြီးကပြဖျော်ဖြေရတဲ့ Dragလို့ခေါ်တဲ့အကရဲ့ Birdcageကလပ်ပိုင်ရှင် တစ်ဖြစ်လည်း ဒါရိုက်တာအာမန်နဲ့ ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်တို့က အတွဲညီတဲ့ အတူနေလိင်တူချစ်သူတွေပေါ့.. စိတ်ခံစားချက် နုနယ်ပြီး ထိလွယ်ရှလွယ် အဲဘ်ဘတ်နဲ့ ရင်ထဲကစကားတွေကို တော်ရုံထုတ်မပြတတ်ပေမယ့် ဂရုစိုက်တတ်တဲ့ အာမန်တို့က လူလတ်ပိုင်းအရွယ်လိင်တူလင်မယားအဖြစ်နဲ့ သားလေးတစ်ယောက်လည်း မွေးထားခဲ့တာပါ.. တစ်ဦးတည်းသော သားလေးကို တုန်နေအောင်ချစ်လို့မဝသေးခင် အခုမှ အသက် ၂၀ အရွယ်သားဖြစ်သူက တစ်နေ့မှာတော့ သူ လက်ထပ်ချင်တဲ့သူရှိပါပြီလို့ တောင်းဆိုလာတဲ့အခါ... ရင်ကွဲပက်လက်ဖြစ် ဟတ်ထိသွားကြပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာဖို့အရေး လိုက်လျောဖို့တွေးရပါတော့တယ်.. ဒါပေမယ့်လည်း သူတို့သားဖြစ်သူ လက်ထပ်မယ့်သူက ရိုးရိုးသတို့သမီးမဟုတ်ဘဲ ဂုဏ်သရေရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတဲ့အခါမှာတော့... တစ်ဖက်မိဘတွေက ဒီမင်္ဂလာပွဲကို အကန့်အကွက်မရှိ ...
movie

The Birdcage (1996)

Apt Pupil 1998 6.7
Apt Pupil 1998 ၁၉၈၀ ၀န်းကျင်လောက်တုန်းက အခြေအနေကို နောက်ခံထား ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ The Lord of the Rings နဲ့ The Hobbit ဇာတ်လမ်းတွေမှာ Gandalf အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ian McKellen ကို အမေရိကန်မှာ ဇာတ်မြှုပ်ပုန်းရှောင်နေတဲ့ နာဇီ ရာဇ၀တ်သားကြီးတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တော့ဒ်ဘိုဒင်ဆိုတဲ့ ကောင်လေးဟာ သမိုင်းဘာသာရပ်ကို အလွန်စိတ်၀င်စားသူဖြစ်ပါတယ်။ တစ်နေ့ ဘတ်စ်ကားပေါ်မှာ တွေ့ခဲ့တဲ့လူတစ်ယောက်ကို သံသယရှိလို့ စုံစမ်းမှုတွေလုပ်လိုက်တဲ့အချိန်မှာ ကမ္ဘာကအလိုရှိနေတဲ့ နာဇီ ရာဇ၀တ်သားကြီး ဒူဆန်ဒါဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ တော့ဒ်တစ်ယောက် ကျောင်းမှာ မသင်ရတဲ့ နာဇီနဲ့ဆိုင်တဲ့ သမိုင်းကြောင်းတွေကို တရားခံပြေးကြီးဆီကို သွားပြီး သူ့မှာ သက်သေတွေ ရှိတယ်လို့ ခြိမ်းခြောက်ကာ ဖြစ်ကြောင်းစုံကို ပြောပြခိုင်းပါတော့တယ်။ အဖိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် အပြန်အလှန် အကြပ်ကိုင်ကြပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်   File Size : ...
movie

Apt Pupil 1998