Channel Myanmar

Mark Alkofer

Alvin and the Chipmunks: The Squeakquel (2009)
Alvin and the Chipmunks: The Squeakquel (2009) ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက်ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်းထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက်မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့်​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာသွား​နေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်းရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီးအထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီးအ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက်စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေးသုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size…   2.6 ...
movie

Alvin and the Chipmunks: The Squeakquel (2009)

2009
Moneyball(2011) 7.6
Moneyball(2011) Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို  အားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့  Tinnilar Lwin ...
movie

Moneyball(2011)

2011