Channel Myanmar

Mark Justice

Transmorphers: Mech Beasts (2023)
Transmorphers: Mech Beasts (2023)  နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး....။ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကိုသုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်...။လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက်ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်...။နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီးကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ....။ဇာတ်လမ်းက အခုမှစမှာပါ....။ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲစက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်....။ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ.....။  File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Transmorphers: Mech Beasts (2023)

Jason Bourne (2016) 6.6
Jason Bourne (2016) Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie

Jason Bourne (2016)

4K HEVC
Murder Syndicate (2023)
Murder Syndicate (2023)  2023 ရဲ့အက်ရှင်ကားအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။ဇာတ်ကားနာမည်ကတော့ Murder Syndicate ဖြစ်ပြီး မိသားစုတွေနဲ့ကြေးစားလူသတ်သမားတွေနဲ့ ဒုစရိုက်သမားတွေကြား ဖြစ်ပျက်နေတဲ့အရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့အီဆာဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒုစရိုက်သမားတွေရဲ့ကြားမှာခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အဆက်အသွယ်တွေအများကြီးရှိတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျိုနာ ကိန်းနဲ့ဘက်ကာတို့သုံးယောက်ကလည်း အမေတူသားသမီးတွေပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့ရှင်းလင်းသုတ်သင်ရတဲ့ စစ်ဆင်ရေးတစ်ခုကိုသားအမိလေးယောက်အတူတူလုပ်ကြရင်း အီဆာတစ်ယောက်ဒဏ်ရာမရဘဲ မူးလဲသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အီဆာလည်း သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပြီးတော့ သူ့နေရာကိုတခြားတစ်ယောက်ကို လက်လွှဲပေးဖို့ ခဏတာအနားယူပြီးစဉ်းစားခဲ့ပါတော့တယ်။အီဆာမှာ ဇိန်းဆိုတဲ့ရည်းစားတစ်ယောက်ရှိပြီးသူ့သားသမီးသုံးယောက်နဲ့ မတည့်တဲ့လူပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီလေးယောက်ထဲက တစ်ယောက်ကိုပဲ အီဆာကရာထူးလွှဲအပ်ပေးမှာပါ။ဒါပေမယ့် အဲ့လိုလွှဲအပ်ခံရမဲ့သူက ဘယ်သူဖြစ်မလဲ။ မိသားစု မဟုတ်တဲ့အပြင်လူဖြစ်တဲ့ ဇိန်းတစ်ယောက်ကရော မသမာတဲ့နည်းလမ်းတွေနဲ့ အဲ့ဒီရာထူးကိုရဖို့ကြိုးစားရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.11 GB / 508MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Murder Syndicate (2023)

Alabama Rose (2022)
Alabama Rose (2022) IMDb – 4.5/10 ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.3 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Alabama Rose (2022)

Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Simran (2017) 5.2
Simran (2017) Simran (2017) IMDb - 5.2/10_____Rotten - 70%    Simranရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၇ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Imdb rating 5.2 ရရှိထားပြီး Kangana Ranaut,Sohum Shah,Hiten Kumar တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အက်ရှင်ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ ပရိသတ်တို့သာ ငွေကြေးအခက်အခဲ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။ မုန့်ဖိုးလိုတာဆိုရင်တော့ အလုပ်ခဏထွက်လုပ်ရုံပဲလေ။ ခုကားမှာကျတော့ ကိန်းကြီး လိုအပ်နေတာဗျ။ ပြီးတော့ ဒီကားမှာက အိမ်ထောင်ကွဲအမျိုးသမီးဆိုတော့ငွေလိုလာတဲ့အခါ တော်တော် ဒုက္ခတိုးရတယ်ဗျာ။ အဲ့လိုနဲ့ လမ်းမှားရောက်ပြီး လမ်းပျောက်သွားတဲ့ မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းက ဘဝသရုပ်ဖော် ပီသလာတယ်ဗျာ။ ဇာတ်လမ်းကလည်း တစ်ခန်းပြီးတစ်ခန်း ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် ကားလေးပါ။    ဇာတ်လမ်းအကျဉ်းကတော့ ကွာရှင်းထားတဲ့တစ်ခုလပ်တစ်ယောက်ဖြစ်သူ Pratful Patel ဟာ မိဘတွေနဲ့အတူနေထိုင်ရင်း သူမပိုင်အိမ်တစ်လုံးဝယ်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ဖခင်ဖြစ်သူနဲ့ရန်ဖြစ်ပြီး Las Vegas ကိုထွက်သွားပါတော့တယ်။ Las Vegasမှာ လောင်းကစားလုပ်ရင်း အစပိုင်းမှာအနိုင်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာအရှုံးကြီးရှုံးပါတော့တယ်။ တဖြည်းဖြည်းနဲ့လောင်းကစားစွဲသွားတဲ့သူဟာ ရှိသမျှပိုက်ဆံအကုန်ကုန်ရုံတင်မက ငွေတိုးချေးစားတဲ့သူတွေဆီကနေပိုက်ဆံချေးလောင်းကစားလုပ်ခဲ့ပါတယ်။ အကုန်ရှုံးပြီးတဲ့နောက်မှာ အကြွေးပြန်ဆပ်ဖို့အတွက် ဘဏ်ဓားပြတိုက်တဲ့သူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဒီကြားထဲ အကြပ်အတည်းဆိုက်နေတဲ့သူမဟာ အချစ်သစ်နဲ့ဆုံစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့သူ တစ်ကယ်ပဲ အချစ်သစ်နဲ့လက်တွဲသွားရမှာလား...... သူမလုပ်ခဲ့တဲ့ဒုစရိုက်မှုတွေပေါ်သွားမှာလား..... အဆုံးသတ်မှာ ဘယ်လိုနိဂုံးချုပ်ရမလဲဆိုတာ ပရိသတ်တွေပဲကြည့်လိုက်တော့နော်    File Size : (900 ...
movie

Simran (2017)

2017