Channel Myanmar

Mark Owen

Greatest Days (2023) 5.8
Greatest Days (2023)  ကိုယ်ငယ်ငယ်တုန်းက ငယ်သူငယ်ချင်းတွေနဲ့ရူးသွပ်ခဲ့တဲ့အရာလေးတွေ အမှတ်တရတွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ ဒီ Greatest Days ဆိုတဲ့ဇာတ်ကားလေးထဲမှာလဲ မိန်းကလေးသူငယ်ချင်းငါးယောက်ရဲ့ငယ်ငယ်တုန်းက The Boys ဆိုတဲ့ယောက်ျားလေးအဆိုတော်အဖွဲ့ကိုရူးသွပ်ခဲ့ပုံတွေ သူတို့ရဲ့ပျော်ရွှင်စရာမှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကိုရိုက်ကူးထားတာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့် အမှတ်တရတွေဆိုတာကပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေရှိသလို ဝမ်းနည်းစရာအမှတ်တရတွေလဲရှိပါတယ်။ဒီလိုနဲ့သူတို့ငါးယောက်မှာ ဝမ်းနည်းစရာအမှတ်တရတစ်ခုကိုကြုံခဲ့ပြီးတဲ့ အချိန်ပြီးတဲ့နောက်မှာတော့ သူငယ်ချင်းတွေလဲလူစုကွဲသွားကြပြီး ၂၅ နှစ်ကြာမြင့်သွားခဲ့ပါတယ်။ဒီလိုနဲ့ ၂၅ နှစ်ကြာပြီးတဲ့နောက်မှာသူတို့သူငယ်ချင်းတွေထဲက ကောင်မလေးတစ်ယောက်က ငယ်ငယ်တုန်းကရူးသွပ်ခဲ့ရပြီး အခုထက်ထိလဲရူးသွပ်နေတဲ့ The Boys အဖွဲ့ရဲ့ပြန်လည်ဆုံစည်းခြင်းဖျော်ဖြေမှုပွဲကိုသွားဖို့ ကံစမ်းမဲလက်မှတ်ကံထူးသွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ကွဲတစ်ပြားဖြစ်နေတဲ့သူငယ်ချင်းတွေကို ပြန်လည်စုစည်းပြီးတော့အဲ့ဒီခရီးစဉ်ကိုအတူတူသွားကြတဲ့ပုံတွေနဲ့ သူတို့ရဲ့ငယ်ဘဝတွေနဲ့လက်ရှိ ဘဝတွေမှာ ဘာတွေများကွာခြားသွားလဲဆိုတာတွေကို ကြည့်ပြီးတော့ငယ်သူငယ်ချင်းတွေကိုပြန်အမှတ်ရစေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.09GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 52m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Greatest Days (2023)

Hobo with a Shotgun (2011) 6.1
Hobo with a Shotgun (2011) Hobo with a Shotgun (2011)သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ ...ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။)File Size          : 4.1GB, 1.3GB, 536MB Quality    ...
movie

Hobo with a Shotgun (2011)

2011