Channel Myanmar

Mark Taormino

The Match-Stick Flame 2: Lunada Bay (2023) 5.5
The Match-Stick Flame 2: Lunada Bay (2023) ဒေါ်လ်တန်မက်ချ်စတစ်က နေဗီဆီးလ်တပ်ဖွဲ့ဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်မှာစစ်မှုထမ်းခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့​အဖေဖြစ်သူ မက်ချ်စတစ်က​ မူးယစ်​ဂိုဏ်း​တစ်ခုမှာပါဝင်ပတ်သက်ခဲ့ပြီးနောက် ဂိုဏ်း​ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့​ မစ္စတာ​တန်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒေါ်လ်တန်​က​ မစ္စတာ​တန်ကို လက်စား​ချေနှိမ်နင်းနိုင်ခဲ့ပြီးနောက်​ တစ်နှစ်လောက်​ အနားယူနေခဲ့ရပါတယ်။ဖခင်ဖြစ်သူသေဆုံးမှုနဲ့​ စစ်​ပွဲအတွင်းကရခဲ့တဲ့ စိတ်ဒဏ်ရာ PTSD​ ဝေဒနာများကြောင့် တစ်ဦးတည်းဇာတ်မြှုပ်နေထိုင်ခဲ့ရာမှ​ တစ်နှစ်အကြာမှာတော့ ဇာတိ​ဖြစ်တဲ့​ ကယ်လီဖိုးနီးယားကို​ ပြန်​လာခဲ့ပါတယ်။အဲဒီအချိန်မှာ​ သူ့အဖေ​ မက်ချ်စတစ်မှာ​ တိုက်ဂါးလို့ခေါ်တဲ့သားတစ်ယောက်ရှိသေးပြီး တိုက်ဂါး​ဟာ​ ဟော​လီးဝုဒ်မြို့က​ လူဆိုးဂိုဏ်းတစ်ဦးကိုဦးစီးနေကြောင်း သိလိုက်ရပါတယ်။ တစ်ချိန်​တည်းမှာပဲ လူနာဒါဘေး​ဂိုဏ်း​ဟာ​ ပြည်နယ်​တစ်ခုလုံးက​ ကမ်းခြေ​တွေကိုကြီးစိုးထားပြီး ဂလက်ဆီလို့ ခေါ်တဲ့ မူးယစ်​ဆေးတစ်မျိုးကိုဖြန့်ချိနေတာကို​ သိလို​က်ရချိန်မှာတော့ ဒေါလ်​တန်​တစ်ယောက်​ လူနာဒါဘေး​ဂိုဏ်း​ကို ဖြို​ခွဲဖို့ကြိုးစားရပါတော့တယ်။ ဒီ​ဇာတ်ကား​က​ 2023​ မှာထွက်ရှိခဲ့တဲ့ Action/Drama အမျိုးအစား​ဖြစ်ပါတယ်။ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်ကူး​ထားတဲ့​ဇာတ်ကား​ဖြစ်​ပြီး​ Elite Marketing Excellence​ ကုမ္ပဏီ​က​ ထုတ်လုပ်​ထားတာ​ဖြစ်​ပါတယ်။ သမားရိုးကျ​ အက်ရှင်ကားဖြစ်ပြီး Match-Stick​ Flame 2 ကိုနားလည်ဖို့အတွက်​ ပထမ​ဇာတ်​ကားကိုကြည့်စရာမလိုပါဘူး။File ...
movie

The Match-Stick Flame 2: Lunada Bay (2023)