Channel Myanmar

Mark Thompson

The American President (1995) 6.8
The American President (1995) The American President (1995)~ IMDb - 6.8/10, Rotten Tomatoes - 91% ~အမေရိကန် ရုပ်ရှင်အစည်းအရုံး (AFI) ရဲ့ အမေရိကန်သမိုင်းတလျှောက် အကောင်းဆုံး အချစ်ရုပ်ရှင် ၁၀၀ မှာ နံပါတ် ၇၅ ချိတ်ခဲ့တဲ့ ရုပ်ရှင်ပါ။ အတိုချုပ်ပြောရရင် ဒီရုပ်ရှင်က နိုင်ငံရေးနဲ့အချစ်ရေးကို ဟာသဓာတ်လေးဖြည့်ရင်း လှလှပပဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်လိမ့်မယ်။၉၀ ခုနှစ်တွေဆိုတာ ရုပ်ရှင်လောကအတွက် တော်တော်ကို အရှိန်မြင့်လာတဲ့ကာလလို့ဆိုနိုင်တယ်။ ဒီရုပ်ရှင်ဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာတင်မက သရုပ်ဆောင်တွေပါ Prime ဖြစ်ခဲ့တဲ့ကာလမှာရိုက်ခဲ့တယ်။ဇာတ်ညွှန်းရေးတဲ့လူက A Few Good Men တို့ Money Ball တို့ကိုရေးခဲ့တဲ့ Aaron Sorkin… သူ့အရေးအသားက ပြတ်တယ် မြန်တယ် ရှင်းတယ်။ ဒိုင်ယာလော့ဂ်တွေကို တစ်ခါတလေ အရှည်ကြီးတွေပြောတတ်တယ်။ သူ့ရဲ့ လမ်းလျှောက်ရင်းပြောတဲ့ ဒိုင်ယာလော့ဂ်တွေကတော့ ...
movie

The American President (1995)

1995
The Princess Diaries (2001) 6.3
The Princess Diaries (2001)  မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / ...
movie

The Princess Diaries (2001)

The Assassin’s Code (2018) 5.7
The Assassin’s Code (2018) မိုက်ကယ်ကွန်နယ်လီ ကလေ့ဗ်လန်းမြို့နယ်လေးက ရဲစခန်းက စုံထောက်တစ်ယောက် ဖခင်ဖြစ်သူကရဲဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်မှာ ပူးပေါင်းပါဝင်ခဲ့သူဖြစ်နေတော့ သူ့အဖေကိုမုန်းတီးနေခဲ့ပါတယ်အဲ့လိုနဲ့သူကိုယ်တိုင်ရဲဖြစ်လာတဲ့အခါ သူ့အဖေနဲ့ဆက်စပ်မှုရှိခဲ့တဲ့မူးယစ်ဆေးအမှုကိုကိုင်တွယ်ရဖို့အကြောင်းဖန်လာပါတယ်ဒီလိုမျိုးဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ရာဇဝတ်မှုရဲ့နောက်ကွယ်မှာအကောင်ကြီးကြီးအမြီးရှည်ရှည်ကောင်တွေပါနေကြဆိုတော့အခုဒီကားမှာလည်း အညတရရဲစုံထောက်လေးတစ်ယောက်က ဘယ်လိုများကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာဒေါင်းကြည့်လိုက်ကြပါဦးလို့(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်း ပါ)File Size : (750 MB) and (340 MB)Quality : AMZN WEB-DL 720p Running Time : 1hr 35min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-SiGMA Translated by Hein Min Tun Encoded by Thanhtike Zaw
movie

The Assassin’s Code (2018)

2018
S1m0ne 6.1
S1m0ne လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို  သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ  တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie

S1m0ne

2002
Independence Day (1996) 7.0
Independence Day (1996) ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie

Independence Day (1996)

1996