Channel Myanmar

Mark Wells

Nicholas Nickleby (2002) 7.1
Nicholas Nickleby (2002) အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie

Nicholas Nickleby (2002)

Walking with the Enemy (2013) 6.5
Walking with the Enemy (2013) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  1.90 GB /  772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie

Walking with the Enemy (2013)

2013
Sahara (2005) 6.0
Sahara (2005) Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie

Sahara (2005)

2005
1080p HEVCOpenMatte