Channel Myanmar

Mark Wingett

Far from the Madding Crowd (2015) 7.1
Far from the Madding Crowd (2015) Far from the Madding Crowd (2015) =========================== IMDb Rating - 7.1/10"ငါ့ကို လက်ထပ်နိုင်မလား" ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Far from the Madding Crowd (2015)

2015
Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
Intruders(2011) 5.4
Intruders(2011) မက်ဒရစ်မှာ နေထိုင်တဲ့ ဂျူအန်ဆိုတဲ့ကလေးလေးဟာ ကြောင်လေးမပြန်လာသေးလို့ဆိုပြီး ညဘက်မှာ ပြူတင်းပေါက်ကို ဖွင့်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒီအချိန်မှာ မျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက ဂျူအန်ကို လာပြီး ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်၊ တစ်ဖက်မှာလည်း လန်ဒန်မှာနေထိုင်တဲ့ မီယာဆိုတဲ့ကောင်မလေးကိုလည်း ဒီမျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက လာလာပြီးခြောက်လှန့်လျက်ရှိပါတယ်။ ဒီမှာ တစ်ခုတူညီတဲ့အချက်က ဒီမျက်နာမရှိတဲ့အရာကြီးက ဂျူအန်နဲ့ မီယာရဲ့ မျက်နှာတွေကို ခိုးယူဖို့ ခြောက်လှန့်ကြိုးစားနေတာပါ။ ဒီတော့ ဒီအရာကြီးက တစ်ကယ်အပြင်မှာရှိတာလား၊ စိတ်ကထင်ရုံသက်သက်ပဲလား၊ စိတ်ထင်ရုံသက်သက်ပဲဆိုရင် ဘာလို့နေရာမတူ ဒေသမတူ အရွယ်မတူတဲ့ ကောင်လေးနဲ့ ကောင်မလေးကို ဘာလို့လိုက်လံခြောက်လှန့်နေတာလဲဆို ရင်ဖိုသည်းလှိုက်စွာ ခန့်မှန်းရင်း စိတ်ဝင်တစား ကြည့်ရှုရမှာပါ။File size…(1.3 GB)/(608 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Intruders(2011)

Walking with the Enemy (2013) 6.5
Walking with the Enemy (2013) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  1.90 GB /  772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie

Walking with the Enemy (2013)

2013
Dom Hemingway (2013) 6.1
Dom Hemingway (2013)  ဒီဇာတ်ကားက British comedy/ dramaဖြစ်ပြီး GOTထဲကနဂါး​မေ​မေနဲ့ Sherlock Holmes ရုပ်ရုင်ထဲက မင်းသားကြီးJude Lawတို့ အဓိကပါဝင်ထားတာပါ။ IMDb6.1နဲ့ RT 57%ရထားပါတယ်။ ​မီးခံ​သေတ္တာ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးဖြစ်​ပြီးအမှုတစ်ခုမှာ အဖမ်းခံရကာ ​ထောင်ဒဏ်၁၂နှစ် ကျသွားခဲ့တဲ့ဒွန်ဟဲမင်း​ဝေးဆိုတဲ့ ဒုစရိုက်သမားကြီးဟာ ​ထောင်က​ပြန်လွတ်လာချိန် ဇနီးဖြစ်သူဆုံးပါးကာ သမီးက မုန်းတီး​နေတာ​ကြောင့်မိသားစုနဲ့ ပြန်လည်နီးစပ်နိုင်ဖို့ ​ငွေလမ်းခင်းမယ်ဆိုတဲ့ အကြံနဲ့​အလုပ်သစ်​တွေလိုက်ရှာရင်း ကြုံ​​တွေ့ရမယ့် အခက်အခဲ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ စကားအ​ပြောအဆိုအသုံးအနှုန်း​​တွေ ကြမ်းတမ်းတာကို သတိချပ်​စေချင်ပါတယ်။  File size…1.39GB / 654MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Dom Hemingway (2013)

Green Street Hooligans: Underground 5.7
Green Street Hooligans: Underground Green Street 3: Never Back Down (2013)================================= ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကိုအရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလိုအားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေအကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင်အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကိုပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာအရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ရန်ပွဲတွေဟာ ...
movie

Green Street Hooligans: Underground