Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marley Otto
7.5
Scott Pilgrim vs. the World (2010)
Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie
Scott Pilgrim vs. the World (2010)
2010
4K HEVC
6.0
Dream House (2011)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie
Dream House (2011)