Channel Myanmar

Marnie Lapus

As If It’s True (2023) 5
As If It’s True (2023) As If It's True (2023) "တကယ်ဆိုရင်..." IMDb - 5/10"One More Chance"လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့ Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီး ဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။ အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက် လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင် သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့ တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size…  1.3GB | 559MB Format… ...
movie

As If It’s True (2023)

2024
Instant Daddy (2023) 7.5
Instant Daddy (2023) Instant Daddy (2023)မိခင်မရှိဘဲ ခက်ခက်ခဲခဲနဲ့ ကြီးပြင်းလာတဲ့ ဗယ်တစ်ယောက် မိခင်ကစွန့်ပစ်ခဲ့မှန်း သိသွားတဲ့အခါ သူ့ဘဝရဲ့ နောက်ဆက်တွဲဆုံးဖြတ်ချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲ။အရွယ်ရောက်လာတဲ့အခါ ဘဝကိုထူထောင်ဖို့ကြိုးစားနေရင်း ဘဝထဲကို ရုတ်တရက် သမီးလေးတစ်ယောက် ရောက်လာတဲ့အခါ မိသားစုဘဝမှာ မပြည့်စုံခဲ့တဲ့သူတွေက ဘယ်လောက်ကျင်နာပြီး ဂရုစိုက်ပေးတတ်သလဲ ဆိုတာမြင်တွေ့ရမယ့် ပညာပေးဇာတ်လမ်းလေးဖြစ်ပါတယ်။ဖခင်မေတ္တာကို အပြည့်အဝ မြင်တွေ့ရမယ့်ဒီပညာပေးဇာတ်ကားလေးမှာ ဗယ်နဲ့ မီရာတို့ရဲ့ သားအဖနှစ်ယောက်ကြား ကြည်နူးဖွယ်ဘဝလေးကို ကြည့်ရှုကြရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 695MB Format… mp4 Duration…. 1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... Aaron
movie

Instant Daddy (2023)

2023
A Very Good Girl (2023) 5.7
A Very Good Girl (2023) A Very Good Girl [2023] ( IMDb 5.8/10, RT 58% )မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်... မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး... ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်... အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ... အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်... ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်... ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, ...
movie

A Very Good Girl (2023)

2023
Kidnap For Romance (2023) 7.1
Kidnap For Romance (2023) Kidnap for Romance (2023) IMDb - 7.1/10ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစရာ အချစ်၊ ဟာသဖိလစ်ပိုင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဖရက်ဒ်ဆိုတာ ဖိလစ်ပိုင်ရဲ့အချမ်းသားဆုံးသူဌေးကြီးတွေထဲက တစ်ဦးရဲ့ မြေး။ သူသိတာပါတီပေးဖို့နဲ့ မိန်းမပွေဖို့။ တစ်ရက် အဘိုးဖြစ်သူက အိမ်ထောင်ပြုဖို့ပြောပြီး သူနောက်ဆုံးတွဲမဲ့မိန်းကလေးကို အတည်ယူဖို့နဲ့ မယူဘူးဆိုရင် သုံးစရာတစ်ပြားမှာ မပေးတဲ့အပြင် အဆောင်အယောင်တွေအကုန်ပြန်သိမ်းမယ်လို့ အမိန့်ထုတ်ပါတော့တယ်။အယ်လီနာကကျ ဘ၀ကို ခက်ခက်ခဲခဲရုံးကန်နေရတဲ့ မိန်းမပျိုလေးတစ်ဦး။ မိခင်ဆေးစရိတ်အတွက် ကြုံတဲ့အလုပ်ကိုဝင်လုပ်ရင်း အဖေနဲ့မောင်ဖြစ်သူ ရှာတဲ့ဒုက္ခတွေကိုပါ လိုက်ဖြေရှင်းနေရသူ။ တစ်ရက်တော့ သူဌေးမြေးဖြစ်တဲ့ ဖရက်ဒ်ကို ပြန်ပေးဆွဲဖို့အစီအစဉ်ထဲမှာ ကြံရာပါဖြစ်လာပါတော့တယ်။ဒီလိုကနေ သူတို့နှစ်ဦး ဘယ်လိုအလွဲလွဲ အကွဲကွဲတွေနဲ့ ဘယ်စခန်းဆက်ကြမလဲဆိုတာ ကြည့်ရှုခံစားကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Kidnap For Romance (2023)

2023
Baby Boy, Baby Girl (2023)
Baby Boy, Baby Girl (2023) Baby Boy, Baby Girl (2023)ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File ...
movie

Baby Boy, Baby Girl (2023)

2023
Partners in Crime(2022) 6.5
Partners in Crime(2022) Genre - Comedy IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ ...
movie

Partners in Crime(2022)

[18+] Expensive Candy (2022) 7.2
[18+] Expensive Candy (2022) Expensive Candy (2022)~ IMDb - 7.2/10, MyDramaList - 7.4/10 ~ရီနာတို ခေါ် တိုတိုဟာ သမိုင်းဆရာတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်ကျော်တဲ့အထိ အချစ်အကြောင်းသိဖို့‌နေနေသာသာ လူပျိုရည်တောင်မပျက်သေးတဲ့ ရိုးရိုးအေးအေးသမားလေးပါ။ အရွယ်ရောက်ပြီး အမြီးမပေါက်နိုင်တဲ့သားဖြစ်သူအတွက် စိတ်ပူနေတဲ့မိခင်ဖြစ်သူက တစ်နေ့တော့ မုန့်ဖိုးပေးပြီး ကောင်မလေးတစ်ယောက်နဲ့မုန့်ထွက်စားခိုင်းပါတယ်။ ကျောင်းမှာကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက စနောက်ကြသလို မိခင်ကပါ ဒီကိစ္စမှာပါလာတော့ စိတ်လေနေတဲ့ တိုတိုဟာ ခြေဦးတည့်ရာလျှောက်သွားရင်း သူ့အမေပေးတဲ့မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ခဲ့ပါတယ်။ မုန့်တော့မဟုတ်ပါဘူး။ ကန်ဒီဆိုတဲ့ ဈေးကြီးကြီး ဇိမ်မယ်လေးတစ်ယောက်ကိုပါ။တစ်ခါမှ မိန်းမအတွေ့အကြုံမရှိဖူးတဲ့အပြင် သူ့ရဲ့ပထမဆုံးအတွေ့အကြုံကလဲ အရမ်းလှ အရမ်းတောင့်ပြီး ဒီကိစ္စမှာ အရမ်းကျွမ်းကျင်တဲ့ပညာသည်တစ်ယောက်ဖြစ်နေတဲ့အလျောက် တိုတိုတစ်ယောက် အရူးအမဲသားကျွေးမိသလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ တစ်လလုံးလုပ်မှ ၇၀၀၀ ကျော်ရတဲ့ကျောင်းဆရာလေးဟာ တစ်ရှော့ကို ခုနှစ်ရာတန်တဲ့ကန်ဒီကို အခွင့်အရေးရရင်ရသလိုတွေ့ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ တစ်သက်လုံး မက်စရာလို့မထင်ခဲ့ရတဲ့ငွေကို သူဟာ နည်းလမ်းပေါင်းစုံနဲ့ရှာပါတယ်။ သူ့ရဲ့ အန္တိမရည်မှန်းချက်က ကန်ဒီကိုတွေ့ရဖို့ပါပဲ။ ...
movie

[18+] Expensive Candy (2022)

2022
Two and One (2022) 7.5
Two and One (2022) (18+) Two and One (2022)BL ဇာတ်လမ်းတွေထဲမှာ ဖိလစ်ပိုင်ဇာတ်လမ်းတွေက တစ်မျိုးတစ်ဖုံ ထူးခြားနေတတ်ပါတယ်။ ဒီဇာတ်လမ်းကလည်း ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ပါပဲ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ချစ်သူနှစ်ယောက်ကြားမှာ တတိယလူပေါ်လာတဲ့အကြောင်းပါပဲ။ ဒါပေမဲ့ ဒီချစ်သူနှစ်ယောက်ကပဲ တတိယလူကို အသာတကြည်လက်ခံခဲ့ကြတာပါ။ ချစ်သူနှစ်ယောက်လုံးက အပေါ်ထပ်တွေချည်း ဖြစ်နေတဲ့အခါ ကြားခံအစားထိုးဖို့ အောက်ထပ်တစ်ထပ်ကို ရှာဖွေပါတော့တယ်။ သဘောတူညီထားတာကတော့ ကုတင်ပေါ််ကိစ္စ ဖြစ်တဲ့အချိန်မှာ တတိယလူကို အသုံးချကြမယ်ပေါ့။ ဒါပေမဲ့ မမျှော်လင့်တာတွေ ဖြစ်လာတဲ့အခါမှာတော့ .... ချစ်သူနှစ်ဦးကြားမှာ အက်ကြောင်းတွေ ထလာရပါတော့တယ်။ ဒါကို သူတို့တွေ ဖြေရှင်းနိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Phantom ပဲ ဖြစ်ပါတယ်။Genre..... Adult, BL, Drama Quality…. 1080p | 720p | 480p File size… 1.4GB | 649MB | 284MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie

Two and One (2022)

2022