Channel Myanmar

Marshall Chapman

Lovesong(2016) 6.5
Lovesong(2016) Lovesong (2016)===============IMDb 6.3, Rotten Tomatoes 83%''နင်ဒီကို ဘာလို့လာတာလဲ''''ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့လက်ထပ်ပွဲမလို့ပေါ့''''ငါမေးတာက နင် ဒီကို ဘာလို့လာတာလဲလို့''''ငါ နင့်ကို လွမ်းလို့... အချိန်တိုင်း...''ယောက်ျားဖြစ်သူရဲ့လစ်လျူရှုခြင်းကိုခံထားရတဲ့ဆာရာတစ်ယောက် သူ့သမီးလေးရယ် အချစ်ဆုံးသူငယ်ချင်းမင်ဒီတို့နဲ့အတူ ခရီးတိုတစ်ခု စတင်ထွက်ခဲ့တယ်ခရီးတစ်လျှောက် ဆာရာနဲ့ မင်ဒီတို့ကြားကသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်လေး ပြင်းထန်အားကောင်းလာချိန်မှာပဲ အခြေအနေတွေဟာသူတို့နှစ်ယောက်ကို ဝေးကွာစေခဲ့တယ်သုံးနှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့ဆာရာတစ်ယောက် မင်ဒီ့ရဲ့လက်ထပ်ပွဲမတိုင်ခင်ရက်တွေမှာ သူတို့နှစ်ယောက်ကြားက ခံစားချက်လေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ...ဒီရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ညွှန်းဆုကို ရရှိပိုင်ဆိုင်ထားပြီးအဓိကသရုပ်ဆောင်တွေအဖြစ် ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့Jena Malone နဲ့ Riley Keough တို့က သဘာဝကျကျပါဝင်သရုပ်ဆောင်ထားတဲ့ GL Dramaရုပ်ရှင်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် File size…1.14GB / 520MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 24m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe
movie

Lovesong(2016)

Mississippi Grind (2015) 6.4
Mississippi Grind (2015)  Mississippi Grind (2015)ဓာတ်ဗူးရိုင်ယန်ကြီးပါတဲ့ကားပါ။ ရိုင်ယန်နဲ့တွဲဖက်ပါဝင်ထားသူကတော့ The outsider စီးရီး၊ Rogue one: a starwars story တို့ထဲက ဖြစ်ပါတယ်။လောင်းကစား စွဲလမ်းနေတဲ့ဂျယ်ရီဟာ အလေအလွင့်ခရီးသွားတစ်ယောက်ဖြစ်တဲ့ လောင်းကစားဝါသနာအိုး ကားတစ်စ် နဲ့ ပိုကာပွဲတစ်ခုမှာတွေ့ပြီး ရင်းနီးသွားကြပါတယ်။ဂျယ်ရီဟာ အကြွေးရှင်ရဲ့ ချိန်းခြောက်မှုကိုခံလာပြီးနောက် ကားတစ်စ်ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့အိမ်က ကြေးမြင့်ပိုကာပွဲမှာသွားကစားနိုင်ဖို့ ကားတစ်စ်ကို အကူအညီတောင်းပါတော့တယ်။ ကားတစ်စ်ရဲ့ သူငယ်ချင်းဟောင်းဆီမရောက်ခင် ခရီးစဉ်တစ်လျှောက်မှာ တွေ့သမျှပိုကာပွဲတွေကိုဝင်ကစားရင်း ငွေအလုံအလောက်ရအောင် ကြိုးပမ်းကြရာမှာ ဂျယ်ရီရဲ့လောင်းကစားအတောမသတ်နိုင်တဲ့စိတ်ကြောင့် ပါသမျှပြောင်မလား... ပန်းတိုင်ကိုရောက်ကြပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ ဘဝသင်ခန်းစာတွေရစေမယ့် သဘာဝကျကျကားမျိုးနှစ်သက်ရင် ရိုင်ယန်ရဲ့ပရိတ်သတ်တစ်ယောက်ဆိုရင် ဒီကားလေးကိုကြည့်စေချင်ပါတယ်။ Quality__1080p , 720p IMDb Rating__6.4/10 Format__mp4 Duration__01:50:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Pyi T Nyein Encoded by Naing Aung Latt
movie

Mississippi Grind (2015)