Channel Myanmar

Marta Kaczmarek

Windcatcher (2024)
Windcatcher (2024)  ဇာတ်လမ်းအကျဉ်းကတော့ ပါစီလို့ခေါ်တဲ့ ဆယ်နှစ်သားကောင်လေးက အဖိုးဖြစ်သူရယ် အဒေါ်နှစ်ယောက်ရယ်နဲ့အတူ နေထိုင်ပါတယ်။ ပါစီမှာ ဝါသနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြေးရတာပါ။တစ်ရက်မှာတော့ ပါစီရယ် သူ့သူငယ်ချင်းတွေရယ်ဟာ ကျောင်းမှာသူတို့ကို အနိုင်ကျင့်တဲ့ဘူလီအုပ်စုကို ကျောင်းအပြေးပြိုင်ပွဲမှာ အနိုင်ပိုင်းဖို့ရာအခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ ပါစီဟာ သူငယ်ချင်း၊ ဆွေမျိုးသားချင်းတွေရဲ့အကူအညီနဲ့အတူ အပြေးပြိုင်ပွဲမှာအနိုင်ရဖို့ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေနဲ့ကြုံတွေ့ရမလဲ၊ ပါစီရဲ့ဝါသနာနဲ့ မိသားစုနောက်ကွယ်မှာ‌ရော ဘယ်လိုအဖြစ်အပျက်တွေရှိနေမလဲ၊ နောက်ဆုံးမှာ ပါစီတစ်ယောက် အနိုင်ရသွားမလားဆိုတာကိုတော့ မိသားစုနဲ့အတူ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Windcatcher (2024)

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

Shine(1996) 7.6
Shine(1996)  မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် ...
movie

Shine(1996)