Channel Myanmar

Marta Timofeeva

I Am Dragon (2015) 6.8
I Am Dragon (2015) I am Dragon (2015)နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့ Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ ရုရှားအဆင်‌လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း....တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။ နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့ တစ်ဖက်က ...
movie

I Am Dragon (2015)

2015
Cosmoball (2020)
Cosmoball (2020)  2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာ‌ေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။မော်စကိုမြို့ ပေါ်မှာလည်း "ဒုဓလီ" လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile size…(2.8 GB)/(1.5 ...
movie

Cosmoball (2020)

Row 19 (2021) 4.4
Row 19 (2021) Katerina ဟာ ခြောက်နှစ်အရွယ်သမီးလေးရှိတဲ့ ဆရာ၀န်တစ်ယောက်ပါ။သူငယ်စဉ်က ‌သူ့အမေနဲ့လေယာဉ်စီးခဲ့ရာမှာ လေယာဉ်ပျက်ကျသွားပြီး သူကလွဲရင် သူ့အမေအပါအ၀င်ခရီးသည်အားလုံးအသက်ပျောက်ခဲ့ရပါတယ်။ဒါကြောင့် Katerina ဟာတစ်သက်လုံးလေယာဉ်စီးဖို့ကိုကြောက်နေခဲ့ပေမယ့် အခုတော့သူ့သမီးလေးနဲ့အတူလေကြောင်းခရီးသွားဖို့ဖြစ်လာရပါတယ်။ လေယာဉ်ပေါ်မှာတော့ Katerina တစ်ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တွေကို ကြုံရပြီး ခရီးသည်တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားချိန်မှာတော့ Katerina ရဲ့ငယ်စဉ်ကမတော်တဆမှုကထင်သလောက် မရိုးရှင်းတာ ကိုသဘောပေါက်လာရပါတော့တယ်။ Katerina နဲ့သူ့သမီးလေးတို့ လေယာဉ်ပေါ်မှာအသက်ရှင်ဖို့ ရုန်းကန်ကြပုံကိုကြည့်ရှုရမှာပါ။File size…(1.28GB) / (674MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:17:00 Genre...Horror / Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Row 19 (2021)

Baba Yaga: Terror of the Dark Forest (2020) 6.2
Baba Yaga: Terror of the Dark Forest (2020) 2020ထွက် Horror/Supernatural ဇာတ်ကားကောင်းလေးပါ. ဇာတ်လမ်းလေးက ရှရှားရိုးရားပုံပြင်တပုဒ်ကို အခြေခံထားတာပါ။ လူ့လောကရဲ့ နယ်စပ်ဖြစ်တဲ့ သေခြင်းနဲ့ရှင်ခြင်းနယ်မြေကြားမှာ ကလေးတွေရဲ့ ဝိညာဉ်ကို စားသုံးတဲ့ စုန်းမတစ်ကောင် ရှိပါတယ်. အဲ့ဒီစုန်းမဟာ ကလေးတွေကို Navsလို့ ငှက်တပိုင်းလူတပိုင်း သတ္တဝါကို စေလွှတ်ပြီး ကလေးတွေကို ဖမ်းခိုင်းခဲ့ပါတယ်. တနေ့မှာတော့ သူဖမ်းတဲ့ကလေးထဲမှာ တောက်ပတဲ့ဝိညာဉ်ကလေး တစ်ယောက်ပါလာပြီး အဲ့ဒီကလေးကပဲ သူ့ကို သေခြင်းနယ်မြေမှာ အကျဉ်းချထားခဲ့ပါတယ်. အချိန်တွေကြာလာတာနဲ့ အမျှ လူတွေဟာ ပုံပြင်ကို မေ့လာခဲ့ကြပေမယ့် တနေ့မှာတော့ အီဂေါဆိုတဲ့ ကောင်လေးဟာ သူ့ညီမပျောက်သွားတာကို သတိထားမိပေမယ့် မိဘတွေရော တခြားလူတွေကပါ သူ့ညီမရှိတာကို မေ့ကုန်ကြတာပေ့ါ ရှာဖွေဖော်ထုတ်ရင်း ဒဏ္ဋာရီထဲက အရာတွေ အမှန်ရှိပြီး ဘယ်လို လှည့်ကွက်တွေ ဘယ်လို ဒုက္ခပေါင်းစုံကို ရိုက်ပြထားပြီး background soundတွေကလဲ တကယ့်ကိုထိတ်လန့်စိတ်၀င်စားဖွယ်အသံတွေကို ထည့်ထားတာကြောင့် horrorချစ်သူတို့ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါ‌ရစေ   File Size - 1 gb Quality - web-dl 1080p Subtitle -  burmese Translator - YK Encoder - Thit San Khant
movie

Baba Yaga: Terror of the Dark Forest (2020)

2020
Abigail (2019) 6.0
Abigail (2019) 2019 ခုနစ်ထွက် Adventure/Fantasy ကားသစ်လေးဖြစ်ပါတယ်IMDB 6.2/10 တောင်ရရှိထားပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ အက်ဘီဂေးဆိုတဲ့ကလေးမလေးဟာကပ်ရောဂါဆိုးကြီးကြောင့် နယ်နိမိတ်တွေကိုအလုံပိတ်ထားတဲ့မြို့လေးတစ်မြို့မှာ မိဘတွေနဲ့အတူနေထိုင်ပါတယ်...တစ်ညမှာတော့ အက်ဘီဂေးရဲ့ဖခင်ကို ရောဂါကူးစက်ခံထားရပြီဟုဆိုကာအာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားကြပါတယ်...ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသွားသည့်တိုင် ရောဂါဆိုးကြီးကပပျောက်မသွားပဲ ပိုဆိုးလာပါတယ်...အရွယ်ရောက်လာတဲ့ အက်ဘီဂေးတစ်ယောက်ဖခင်ဖြစ်သူကို ရှာပုံတော်ထွက်တဲ့အခါမှာတော့သူမ တစ်သက်နဲ့တစ်ကိုယ်မထင်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်....ဂရပ်ဖစ်ကောင်းကောင်း effect ကောင်းကောင်းသုံးထားပြီးဇာတ်လမ်းကျောရိုးက စိတ်ဝင်စားစရာကောင်းတာမို့ကြည့်ပျော်ပါတယ်လို့တိုက်တွန်းရင်း.... File Size : ( 994 MB , 363 MB )Quality :  WEB-DL 720pRunning Time : 1 hr 50minFormat : Mp4Genre : Adventure , FantasySubtitle : ...
movie

Abigail (2019)

Welcome to Mercy (2018) 5.2
Welcome to Mercy (2018) အချစ်ဆိုတာ ဧဒင်ဥယျာဉ်ထဲက တားမြစ်ထားတဲ့ ပန်းသီးတစ်လုံးတဲ့။အာဒမ်နဲ့ ဧဝတို့ ပန်းသီးကိုစားမိကြလို့ အပြစ်ပေးခံရကြပါတယ်။အဲဒီကစပြီး လူသားနဲ့ချစ်ခြင်းတရားက ဒွန်တွဲနေလာကြပါရောလား။Welcome to Mercy (2018) ဆိုတဲ့ Triller အမျိုးအစားဇာတ်ကားလေးကတော့ တားမြစ်ခံထားရတဲ့ အချစ်ဇာတ်လမ်းလေးအကြောင်း ရင်တုန်စရာတင်ဆက်ပေးထားပါတယ်။တစ်ကိုယ်တည်းအမေတစ်ယောက်ဖြစ်တဲ့ Mandaline ဟာ သူ့အဖေ နေမကောင်းတဲ့သတင်း စာရတဲ့အတွက် သမီးလေး Willow နဲ့အတူလာတွေ့ခဲ့ပါတယ်။မိဘအိမ်မှာ ခဏနေရင်း ခန္ဓာကိုယ်ပေါ်မှာ လက်ဝါးကပ်တိုင်မှာ ကပ်ဖို့ သံနဲ့ရိုက်ခံရသလို ဒဏ်ရာတွေပေါ်လာခဲ့တဲ့အတွက် ခရစ်ယာန်ဘုန်းကြီးတစ်ပါးနဲ့ သီလရှင်ကြီးတစ်ဦးတို့ဆီ အကူအညီရယူပြီး မြင်ရတဲ့အရာတွေ မမြင်ရတဲ့အရာတွေ အကြောင်း နားလည်လာအောင် ကြိုးစားခဲ့ပါတယ်။အရမ်းကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားမဟုတ်ပေမယ့် နောက်ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားအောင်ပြသွားနိုင်တယ်လို့ထင်ပါတယ်။နောက်ဆုံးမှာလည်း မထင်ထားတဲ့ လှည့်ကွက်တစ်ခုနဲ့ အဆုံးကိုဆွဲခေါ်သွားပြီး အဆုံးမှာ သို့လော သို့လောနဲ့ တွေးစရာတစ်ခုထပ်ပေးသွားပါသေးတယ်။ဒီသိပ်မကြောက်ရတဲ့ ကြောက်စရာဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 5.2 ရှိပါတယ်။ဒီဇာတ်ကားထဲက အကြိုက်ဆုံး စာသားလေးကတော့ "အချစ်ထက်သန့်ရှင်းစင်ကြယ်တာ ဘုရားသခင်ပဲရှိတယ်" ဆိုတဲ့ ...
movie

Welcome to Mercy (2018)

2018
Furious (2017) 6.3
Furious (2017) CM ပရိတ်သတ်ကြီးအတွက် History/Action အမျိုးအစားIMDB 6.1 ရရှိထားတဲ့ ရရှားဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်၁၃ ရာစုမှာ မွန်ဂိုစစ်အာဏာရှင် ဂျင်ဂစ်ခန်ဟာ အာရှနဲ့ ဥရောပ တစ်ခွင်လုံးကို ကျူးကျော်စစ်ခင်းပြီး သိမ်းပိုက်ခဲ့ပါတယ်ရရှားနိုင်ငံဟာလည်း တစ်ခုအပါအဝင်ပါပဲအဲ့ဒီကာလမှာ ရရှားကောင်လေးကိုလိုဗရတ်က ၁၃နှစ်သား စစ်တပ်ထဲဝင်ချင်တဲ့ သတ္တိခဲလေးပါဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ရန်သူမွန်ဂိုတွေ လက်ချက်နဲ့ ခေါင်းထိပြီး မှတ်ဉာဏ်ထိခိုက်သွားပါတယ်အသက်တွေကြီးလာပြီး စစ်သည်တွေကို လေ့ကျင့်ပေးရတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်လာခဲ့ပေမယ့် တစ်ညအိပ်ပြီး မနက်မိုးလင်းလာတိုင်း ၁၃နှစ်သားမှတ်ဉာဏ်ကိုပဲ ပြန်ပြန်ရောက်သွားပါတယ်ဒီလိုနဲ့ပဲ သူတို့နေတဲ့မြို့လေးကို ဂျင်ဂစ်ခန်ရဲ့ သား ဘာတူခန်က မီးရှို့ဖျက်ဆီးလိုက်တဲ့အခါမှာတော့...နောက်လိုက်စစ်သည် အယောက်နှစ်ဆယ်တည်းနဲ့ ကိုလိုဗရတ်တစ်ယောက် ထောင်သောင်းချီတဲ့ မွန်ဂိုစစ်တပ်ကြီးကို အညံ့မခံ အရှုံးမပေးပဲ ရဲရဲဝံ့ဝံ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ခဲ့လဲမနက်လင်းတိုင်း မှတ်ဉာဏ်တွေ မပျောက်သွားအောင် သူဘယ်လိုကြိုးစားမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး  ***** Russia ကနေ English လို English ကနေ Myanmar ဘာသာပြန်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘာသာပြန်လွဲမှားမှုတစ်ချို.ရှိနိုင်ပါတယ်*****  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ဖြစ်ပါတယ်) File ...
movie

Furious (2017)

2017