Channel Myanmar

Marthe Keller

One Life (2023) 7.7
One Life (2023)  Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie

One Life (2023)

Hereafter (2010) 6.5
Hereafter (2010) Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie

Hereafter (2010)

2010
Everybody Loves Jeanne (2022) 6.4
Everybody Loves Jeanne (2022) Everybody Loves Jeanne (2022)~ IMDb - 6.4/10, Rotten Tomatoes - 100% ~ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ ...
movie

Everybody Loves Jeanne (2022)

2022
The Escape (2017) 6.0
The Escape (2017) ဒီ Escape ဆိုတဲ့ ဇာတ်လမ်းကို အိမ်ထောင်ပြုဖို့ စဉ်းစားထားတဲ့ မိန်းကလေးတွေနဲ့ ကိုယ့်မိန်းကလေးကို ကိုယ့်ဘေးနားမှာ မထွက်သွားနို်င်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့ ယောက်ျားလေးတွေကြည့်သင့်တဲ့ Art house / Drama အမျိုးအစားကားကောင်းလေးတစ်ခုပါ။ Rotten Tomato- 93% ထိ ရထားတဲ့ ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်း အကျဉ်းကတော့ လန်ဒန်က ဆင်ခြေဖုံးရပ်ကွက်လေးမှာ တာရာ က သူ့ယောက်ျားနဲ့ သူ့ကလေးနှစ်ယောက်နဲ့ အတူတူနေထို်င်ပါတယ်။တစ်နေ့တစ်နေ့ ကလေးကျောင်းကြိုကျောင်းပို့၊ အိမ်မှုကိစ္စတွေလုပ်နေရတဲ့ သူမဟာ ကြာလာတော့ မိသားစုနဲ့နေရတာ မပျော်တော့ပါဘူး။သူမအတွက် တက်လမ်းမရှိတော့တဲ့ အိမ်ထောင်သည်ဘဝကို သူမ ငြီးငွေ့လာတဲ့အခါ၊သူမယောက်ျားဖြစ်သူ မာ့ခ်က သူမကို လိုလေသေးမရှိထားပေး၊ဂရုစိုက်ပေးပေမဲ့လည်း သူမ မပျော်တော့တဲ့အခါ သူမ မိသားစုကို ကျောခိုင်းပြီး ဘဝသစ်ထူထောင်လေမလား၊ဇွဲမလျှော့တဲ့ သူမ ယောက်ျားနဲ့ချစ်စရာကလေးတွေရဲ့ အသံကိုကြားပြီး သူမရဲ့မိသားစုအသိုက်အမြုံမှာပဲ ဆက်လက်နှစ်မြုပ်နေမလားဆိုတာ(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Brilliant Star ပါ)File Size : ...
movie

The Escape (2017)

2017