Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Martin del Rosario
5.9
U-Turn (2020)
2018 တုန်းကအိန္ဒိယကားတစ်ကားကို ဖိလစ်ပိုင်နိုင်ငံကပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့သည်းထိတ်ရင်ဖို horror အမျိုးအစားဖြစ်ပါတယ်။ဒွန်နာဆွာရက်ဇ် ဟာ သတင်းထောက်မတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အလုပ်သက်တမ်း ၇နှစ်ရှိပြီဖြစ်ပေမယ့်လည်း ပြောင်းလဲတိုးတက်မှုရှိမလာတာကြောင့်အရေးပါတဲ့သတင်းစုံစမ်းရမယ့်အခွင့်အရေးကိုစောင့်မျှော်နေသူဖြစ်ပါတယ်။ တစ်နေ့မှာဒွန်နာရဲ့ဘော့စ်ဟာဂငယ်ကွေ့ လမ်းမနေရာတစ်ခုကယာဥ်မတော်တဆမှုကိုစုံစမ်းဖို့ အသိပေးတဲ့မက်ဆေ့ကိုဒွန်နာ့ဆီလူမှားပို့ခဲ့တဲ့အခါဒွန်နာဟာအခွင့်အရေးကိုလက်လွှတ်မခံပဲ သတင်းအမိအရစုံစမ်းပါတော့တယ်။အခင်းဖြစ်ရာကိုရောက်တဲ့အခါမှာ သူ့ရဲ့ဘော့စ်တွန်းအားပေးခဲ့သလို လူတွေစိတ်ဝင်စားအောင်ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့ ဆန်းသစ်ကြေညာခဲ့ပြီး ဒွန်နာရဲ့သတင်းဗီဒီယိုဟာ အင်တာနက်မှာလူကြည့်များသွားခဲ့ပါတယ်။ ဒါပေမယ့်တစ်နေ့မှာ ဒွန်နာချစ်ရတဲ့မိသားစုဝင်တစ်ဦးဟာလည်းအဲ့ ဂငယ်ကွေ့နေရာကဖြတ်ပြီးအိမ်ကိုပြန်လာခဲ့တဲ့ညမှာ သေဆုံးသွားတဲ့အခါစိတ်ပျက်ဝမ်းနည်းစွာနဲ့ သူသေဆုံးရတဲ့အကြောင်းအရင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒွန်နာဟာ ဂငယ်ကွေ့လမ်းကိုဝင်ဖို့လုပ်တဲ့ဆိုင်ကယ်တစ်စီးကိုတားစီးသတိပေးနေတဲ့အိမ်ခြေမဲ့လူကြီးတစ်ယောက်ကိုတွေ့ခဲ့ပြီးထိုလူကြီးက ဒီဂငယ်ကွေ့လမ်းကဖြတ်တဲ့သူမှန်သမျှသေဆုံးကြကြောင်းပြောပြပြီးဒွန်နာ့ကို လမ်းဖြတ်ကွေ့ခဲ့တဲ့ယာဥ်နံပါတ်တွေမှတ်ထားတဲ့စာရွက်လေးတစ်ခုပေးလိုက်ပါတယ်။ဒွန်နာဟာအဲ့နံပါတ်တွေရဲ့ပိုင်ရှင်တွေကိုစုံစမ်းကြည့်လိုက်တဲ့အခါ မကြာသေးခင်ကသေဆုံးခဲ့သူတွေဖြစ်နေတာကို သိလိုက်ရပါတော့တယ်။စာရင်းထဲကနောက်ဆုံးလူဟာအသက်ရှင်နေသေးတာကိုသိလိုက်ရတဲ့အခါ ထိုလူဆီအရောက်သွားပြီး ဂငယ်ကွေ့ကွေ့ခဲ့သူတွေဘာကြောင့်သေကုန်လဲသိရအောင် ကြိုးစားပါတော့တယ်။သင်ဟာ အာရှ horror ဇာတ်လမ်းတွေကြိုက်နှစ်သက်သူ၊ slow-burn ဇာတ်လမ်းမျိုးမဟုတ်ပဲသွက်သွက်လက်လက်သွားတဲ့ horror ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူဆိုရင်တော့ဒီဇာတ်လမ်းကိုလက်မလွှတ်ဖို့ပြောလိုက်ချင်ပါတယ်။ Translated by : Pyi T Nyein Encoded by : YKFile Size : 1.4GB and 805MBQuality : 1080p NF WEB DL and ...
movie
U-Turn (2020)
2020