Channel Myanmar

Martin Sacks

Bosch & Rockit (2022) 6.0
Bosch & Rockit (2022) Bosch & Rockit (2022) ================= IMDb Rating - 6.0/10ဘော့ချ်နဲ့ရော့ကစ်တို့ဟာ ကမ်းခြေမှာအိမ်တစ်လုံးနဲ့နေထိုင်တဲ့ သားအဖ နှစ်ယောက်ဖြစ်ပြီး ဘော့ချ်ကဆေးခြောက်စိုက်တာဖြန့်တာတွေလုပ်ပါတယ်။ ရော့ကစ်ကတော့ surf လုပ်ရတာအထူးဝါသနာပါပြီး အချိန်အတော်များ များကို ကျောင်းမှာထက်ကမ်းခြေမှာကုန်ဆုံးလေ့ရှိသူဖြစ်ပါတယ်။ သူတို့ မြို့ဘက်ကို တောမီးအကြီးအကျယ်လောင်တဲ့တစ်နေ့မှာ ဘော့ချ်ဆီမှာ သူများရောင်းခိုင်းထားတဲ့ ဘိန်းဖြူတွေမတော်တဆဆုံးရှုံးခဲ့ရပြီးနောက် အဲ့ဒီရန်သူလက်ကနေ သူ့သားကိုခေါ်ပြီး အားလုံးကိုစွန့်ခွာထွက်ပြေးရပါ တော့တယ်။အခြေအနေတွေမတည်ငြိမ်သေးတဲ့အလျောက် တစ်ခြားကမ်းခြေမြို့လေး တစ်ခုမှာရှောင်နေရင်း သူတို့သားအဖနှစ်ယောက်ကြားက မကျေလည်မှု တွေ၊ ရော့ကစ်မိခင်နဲ့ကွဲကွာခဲ့ရတဲ့အကြောင်းရင်းနဲ့ ရှေ့ဆက်ရမယ့်ဇာတ် လမ်းတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရပုံတွေကိုတွေ့မြင်ရမှာပါ။ Chris and Liam Hemsworth တို့ရဲ့ အစ်ကိုကြီး Luke Hemsworth က ဘော့ချ် အဖြစ်ခေါင်းဆောင်ပါဝင်ထားတဲ့ coming of age ဇာတ်ကားကောင်းလေး တစ်ကားပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းကိုရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.9 GB) / (805 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Alias Encoder..........SWM
movie

Bosch & Rockit (2022)

2022
Sweet River (2020) 5.0
Sweet River (2020) Sweet River (2020)==============ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်​ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ "​ပျောက်​သောသူ ကြာရင်​မေ့" ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်​သောအခါမှ ကုစားမရတဲ့ ​နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း ရှိတတ်တယ် မဟုတ်လား၊ တချို့ ​ပူ​ဆွေးမှု​တွေဆိုရင် ကိုယ်တိုင် ​မေ့​ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ ဖြစ်​နေတတ်တာမျိုး​​မှတ်လား။ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါ​ပေမဲ့ အဓိကဇာတ်​ဆောင်၂​ယောက်ရဲ့ ဇာတ်​ကောင်အ​ပေါ် စီး​မြောမှု၊ သရုပ်​ဆောင်မှု​တွေ​အောက်မှာ ဒီဇာတ်ကားဟာ Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊ သို့​ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ​ပ​ဟေဠိ ဆန်မှု၊ ​ခြောက်ခြားဖွယ်​ကောင်းမှု​ကိုလည်း လျော့မသွားဘဲ ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲ​ဆောင်မှုရှိတဲ့အချက်ပါကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး ​သေသလား၊ ရှင်သလား​တောင် မသိတဲ့အ​ခြေအ​နေအတွက် မိခင်ဖြစ်သူ Hanna ဟာ ​ချောင်ကျတဲ့ Billinsမြို့​လေးကို ကိုယ်တိုင်စုံစမ်းအ​ဖြေရှာဖို့ တစ်​ကျော့ပြန်​ရောက်လာခဲ့ပါတယ်၊သားသည်မိခင်​တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး ဆိုသလို သား​​​ဇောနဲ့ မရမကအ​ဖြေရှာဖို့ ကြိုးစား​နေတဲ့ Hannaအတွက် အချိန်ကြာ​လေ၊ သိရှိလာ​လေက​တော့ သူရှာ​နေတဲ့အ​ဖြေဟာ ဒီမြို့​လေးရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သတ်​နေသလို ဒီမြို့ကရှင်သူ​​​တွေရော၊ ​သေဆုံးပြီးသူ​ တွေ​ရောက ဒီလျှို့ဝှက်ချက်ကို မ​ပေါ်​ပေါက်​စေလိုတာ၊ သူ့ကိုဒီမြို့မှာ အလိုမရှိ​တော့မှန်း ...
movie

Sweet River (2020)

2020