Channel Myanmar

Marvin Maddicks Jr.

Craving (2023)
Craving (2023)  မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Crime, Horror, Thriller Subtitle….Myanmar Subtitle ...
movie

Craving (2023)

The Haunting at Saint Joseph’s (2023) 5.5
The Haunting at Saint Joseph’s (2023)  လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်းဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှလက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူတခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ်ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော်ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့်သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့်စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။  File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Haunting at Saint Joseph’s (2023)