Channel Myanmar

Mary Christina Brown

Lights Out (2024) 5.2
Lights Out (2024) Lights Out (2024)Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ...
movie

Lights Out (2024)

2024
Karen (2021)
Karen (2021) Karen (2021) Genre – Crime, Drama, Thrillerမာလစ်နဲ့ အီမာနီတို့ လင်မယားဟာ မြို့နဲ့သိပ်မဝေးတဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခုကို ဘဝသစ်တစ်ခု စတင်ဖို့ ပြောင်းရွှေ့လာကြတဲ့လူမည်း လင်မယားစုံတွဲလေးပါ။ ဒါပေမဲ့ သူတို့ရောက်လာတာတော့ လူဖြူတွေ ရှိကြတဲ့မှုခင်းအင်မတန် နည်းပါးတဲ့ ရပ်ကွက်လေးတစ်ခုပေါ့။ဒီလိုနဲ့ စနေတဲ့အချိန် ဘေးချင်းကပ်ရပ်က ကလေးနှစ်ယောက်အမေရပ်ကွက်ဥက္ကဌလိုမျိုး ကယ်ရန်ဆိုတာနဲ့ စပြီး တွေ့ခဲ့ကြတယ်။ သူတို့ ပြောင်းလာပြီး ကယ်ရန်ဆိုတဲ့ အမျိုးသမီးက ကင်မရာတွေတပ်တယ်အမူအရာတွေလည်း စတင် ပြောင်းလဲလာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကယ်ရန်ဆိုတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က စစ်မှန်တဲ့ ရည်မှန်းချက်တွေ သိလာရတဲ့အချိန်မှာ မာလစ်တို့ လင်မယား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ….။   File size…      1.7 GB /  732 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Karen (2021)

2021
AWOL-72 (2015) 3.9
AWOL-72 (2015) AWOL-72 (2015) ==============ကွန်ရက်ဒ်မေလာဆိုတာ မရိန်းတပ်သားတစ်ယောက်၊ ဒါပေမဲ့ အစိုးရ ဆီကနေ လျှို့ဝှက်ပစ္စည်းတစ်ခုကို ယူပြီး ချစ်ရသူနဲ့အတူ မိသားစုဘဝ လေး တည်ထောင်ဖို့ ကြိုးစားနေတဲ့အချိန်။ အဲဒီမှာ ရုရှား ထောက်လှမ်း ရေးနဲ့ လော့အိန်ဂျလိစ် ရဲဌာနက စုံထောက်အဒမ်တို့ကလည်း ဒီ မရိန်း တပ်သားကို AWOL သွားလို့ လိုက်လံပြီး ထောက်လှမ်းနေကြတာပေါ့။ AWOL ဆိုတာ တပ်ထဲကနေ စစ်ပြေးထိလုပ်ဖို့ မရည်ရွယ်ပေမဲ့ ခွင့်မရှိပဲ တာဝန်ပျက်ကွက်ပျောက်ဆုံးတာကို ဆိုလိုတာပါ။ဒီမှာတင် မေလာ့နောက်ကို ရုရှားထောက်လှမ်းရေးနဲ့ စုံထောက်တွေအပါ အဝင် ထူးဆန်းတဲ့လူတစ်ယောက်ကလည်း နောက်ယောင်ခံလိုက်နေတာ ပါ။ ဒီလိုနဲ့ မေလာတစ်ယောက် ချစ်ရတဲ့လူနဲ့ သာမန်ဘဝလေး ရရှိဖို့အတွက် လိုက်နေတဲ့လူတွေလက်က ထွက်ပြေးနေရပြီး ဘယ်လိုအခက်အခဲပေါင်းစုံ ကြုံရမလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်မြူး လေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့åç Thura Aung ဖြစ်ပါတယ်)File Size..........(1.4 GB) / (600 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 22Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator......Thura Aung Encoder..........SWM
movie

AWOL-72 (2015)

2015
Section 8 (2022) 4.2
Section 8 (2022) Section 8 (2022) =============ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့ Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက် ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူး ထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာ ပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော် ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီး ပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကို အနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက် သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကို သူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီး ကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ ...
movie

Section 8 (2022)

2022