Channel Myanmar

Mary Jo Mecca

Stay Awake (2022) 6.8
Stay Awake (2022)   Stay Awake ရုပ်ရှင်ဟာ 2022ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဒါရိုက်တာ Jamie Sisley ကသူ့ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်အနေနဲ့ ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် မိမိရဲ့အိမ်မှာနာမကျန်း‌ဖြစ်နေတဲ့မိသားစုဝင်ကို ပြုစု‌စောင့်ရှောက်ပေးနေရတဲ့လူနာစောင့်တွေရဲ့ရှုထောင့်ကနေ အလေးပေးဖော်ပြထားပါတယ်။ဆယ်ကျော်သက်ညီအစ်ကို Ethan နှင့် Derek တို့ဟာ သူတို့ရဲ့လူငယ်ဘဝမှာ ဆေးစွဲနေတဲ့ မိခင်ဖြစ်သူ Michelle ကိုပဲပြုစုစောင့်ရှောင့်ရင်းနဲ့ပဲ ဆယ်ကျော်သက်ဘဝကိုဖြတ်သန်းကြရပါတယ်။သူတို့ရဲ့အိပ်မက်တွေကို ဘေးချထားပြီး မိခင်ရဲ့ဆေးဖိုးအတွက် တစ်ဖက်တစ်လမ်းကဝင်ငွေရှာရင်း ဘဝကိုကြိုးစားရုန်းကန်နေကြရပါတယ်။ အခက်အခဲတွေအများကြီးနဲ့ ဘဝကိုဖြတ်သန်းနေရပေမယ့် ညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်နွေးထွေးပြီး ချစ်စရာကောင်းလှပါတယ်။ ဆေးစွဲနေတဲ့မိခင်ကို ဆေးရုံပို့ပေးလိုက် ပြန်လည်ထူထောင်ရေးကိုပို့လိုက်နဲ့ သံသရာလည်နေတဲ့သူတို့ဘဝဟာ ဘယ်လိုအချိုးအကွေ့တွေရှိလာမလဲ၊ သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်သွားနိုင်မလား၊ညီအကိုနှစ်ယောက်နဲ့မိခင်ကြားမှာ ဘယ်လို‌ဆက်ဆံရေးတွေရှိလာနိုင်လဲဆိုတာကို အံ့အားသင့်ဖွယ် စောင့်ကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.2 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Lwin
movie

Stay Awake (2022)