Channel Myanmar

Mary Joy Apostol

Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
Doll House (2022) 8.2
Doll House (2022) Doll House (2022)~ IMDb - 8.2/10, Rotten Tomatoes - 100% ~2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ...
movie

Doll House (2022)

2022
Alone/Together (2019) 6.8
Alone/Together (2019) Alone/Together (2019)အထီးကျန် (သို့မဟုတ်) အတူတကွကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့ ကို ရှိတဲ့အချိန်တွေက ကျွန်မတို့ အတူတကွ ရှိကြမယ့် အချိန်တွေပေါ့ ..... ကို ရယ်။ကျွန်မ ဘဝမှာ တွေ့တိုင်း မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အရာတစ်ချို့ရှိတယ် ပြတိုက်ထဲက အနုပညာလက်ရာ ပြကွက် ပြခန်းတွေ ပန်းချီပန်းပုတွေရယ်။ပြီးတော့……… ကို ရယ်။ အဲဒီအကြောင်းအရာ ၂ ခုဟာ ကျွန်မဘဝရဲ့ ရည်မှန်းချက်တွေပဲပေါ့….. ရည်မှန်းချက်တွေအတိုင်း ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မက အနုပညာလေ့လာမှုဘာသာရပ်နဲ့ လက်တင်ဂုဏ်ထူးတန်းတက်ရင်း အမျိုးသားပြတိုက်မှာ စေတနာ့ဝန်ထမ်းလုပ်တယ် ကျွန်မ ဘွဲ့ရပြီးရင် ပြတိုက်တွေ ပြခန်းတွေမှာ ပြတိုက်မှုး ဖြစ်ချင်တယ်။ အနုပညာ လက်ရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာ အလုပ်လုပ်ရတာ ကျွန်မပျော်တယ်။ အမှန်တကယ်ကြိုးစားမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်။ကို ကတော့ ဘာမှမဖြစ်ချင်ဘူးတဲ့ သူက အရာရာကို အဆိုးမြင်နေသူလေ။ ကျွန်မက စိတ်ကူးနဲ့ ...
movie

Alone/Together (2019)

2019
HEVC 1080p 5.1
Eerie(2018) 5.5
Eerie(2018) Eerie(2018)ကျောင်းတွေတိုင်းမှာ တစ္ဆေပုံပြင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတာတွေရှိတတ်ကြပါတယ်။ သီလရှင်တွေအုပ်ချုပ်တဲ့ မိန်းကလေး သီးသန့်ကျောင်းဖြစ်တဲ့ စတာလူရှာမှာလဲ ရှိပါတယ်။ သုံးထပ်မြောက်က အိမ်သာထောင့်ဆုံးအခန်းမှာ ကျောင်းသူတစ်ယောက်သတ်သေသွားဖူးတဲ့အတွက် အဲ့ဒီအိမ်သာကို ဘယ်သူမှ မသွားရဲကြပါဘူး။ တစ်နေ့ကျောင်းသူလေးတစ်ယောက် ညသန်းခေါင်တစ်ယောက်တည်း အဲ့ဒီအိမ်သာထဲကို သွားမိရင် ကြမ္မာဆိုးတစ်ခုနဲ့ကြုံမိသွားရာကနေ..။ ကျောင်းကို စည်းကမ်းလဲကြီး မျက်နှာထားလဲတင်းမာတဲ့ စစ္စတာ အဲလစ်စ်က အုပ်ချုပ်ပါတယ်။ မစ္စပတ် ကတော့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံ တစ်ယောက်ဖြစ်တယ်။ ညဘက်ဆိုရင် သတ်သေသွားတဲ့ကျောင်းသူ အယ်ရစ်ကာက သူနဲ့စကား လာလာပြောတတ်တယ်။ အယ်ရစ်ကာ သေဆုံးမှုဟာ စစ္စတာ အဲလစ်စ်ရဲ့လက်ချက်မကင်းဘူးလို့ သံသယ၀င်လာတဲ့သူဟာ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ကျောင်းကြီးရဲ့ အရှုပ်အထွေးတွေကြား မလွှဲမရှောင်သာ ၀င်ပါမိပါတော့တယ်။ Horror ထုံးစံ jump scare တွေ အများကြီးမသုံးထားပဲနဲ့ ဇာတ်ကြောင်းနဲ့လှည့်ကွက်တွေကို ဦးစားပေးတည်ဆောက်ထားတဲ့ကားတစ်ကားပါ။ ကြည့်နေရင်း ပဟေဠိတွေနဲ့ တစ်စိမ့်စိမ့်ခြောက်ခြားလာစေရမှာအမှန်ပါပဲ။ File Size : (850MB) and (341 MB) Quality : WEB-DL 720p, Format…mp4 Duration…01:41:00 Genre : ...
movie

Eerie(2018)

2018