Channel Myanmar

Mary Ruiz

Nowhere(2023) 7.0
Nowhere(2023) Nowhere(2023)*************** ပင်လယ်ထဲမှာ ကွန်တိန်နာကြီးထဲမျောနေတဲ့ သားအမိနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ စပိန် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ Cast away, Buried, Fall တို့လို တစ်ယောက်တည်း အသက်ရှင်အောင် ရုန်းရတဲ့ ရုပ်ရှင်မျိုးတွေကို ကြိုက်တဲ့သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ဇာတ်လမ်းအကျဉ်းအငတ်ဘေးဆိုက်နေတဲ့ စပိန်နိုင်ငံ အစိုးရဟာ အင်မတန်ပြောင်မြောက်တဲ့ အငတ်ဘေးလျှော့ချရေးနည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကို အရင်ရှင်းပစ်လိုက်တာပါ။ မရသေးဘူး ငတ်ကြသေးတယ်ဆိုတော့ မိန်းမတွေနဲ့ ကလေးတွေကို စပြီးရှင်းပစ်ပါတော့တယ်။ အဲဒီတော့ နိုင်ငံထဲက နည်းလမ်းပေါင်းစုံနဲ့ လွတ်ရာကျွတ်ရာကို ပြေးကြရပါတော့တယ်။ လူသုံးအများဆုံးနည်းလမ်းကတော့ သင်္ဘောကွန်တိန်နာတွေထဲကို ခိုးပြီးလိုက်သွားကြတာပါ။ ဒါကိုသိတဲ့ အစိုးရကလည်း ဆိပ်ကမ်းမှာ ကုန်ကားတွေကို အသေးစိတ်စစ်ပြီး တွေ့သမျှ လိုက်သတ်ပါတော့တယ်။ မီရာဆိုတဲ့ မိန်းကလေးကတော့ ခင်ပွန်းသည်နဲ့အတူ ထွက်ပြေးလာပေမဲ့ သင်္ဘောအတက်မှာ လူစုကွဲသွားပြီ ကိုယ်ဝန်ကြီးနဲ့ တစ်ယောက်တည်း ကွန်တိန်နာထဲမှာပိတ်မိပြီး ပင်လယ်ထဲ မျောသွားပါတော့တယ်။ ပင်လယ်ထဲမှာပဲ ကလေးမွေးပြီး ကမ်းမမြင်လမ်းမမြင်နဲ့ အသက်ရှင်အောင်ကြိုးစားရပုံတွေ၊ ကမ်းတစ်ခုကို ရောက်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မြင်တွေ့ရမှာပါပဲ။ File Size :(4.02GB) (1.8GB) (666MB) Quality : Web-Dl 4K HEVC 1080p/720p Format…mp4 Duration…01:49:00 Genre :   Horror , ...
movie

Nowhere(2023)

4K HEVC
Official Competition (2021)
Official Competition (2021) Official Competition (2021)2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ ...
movie

Official Competition (2021)

2021