Channel Myanmar

Masato Hagiwara

Even if This Love Disappears from the World Tonight(2022) 7.2
Even if This Love Disappears from the World Tonight(2022) Even if This Love Disappears from the World Tonight(2022)******************************************************** ဒီရုပ်ရှင်လေးဟာ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomorrow I Will Date With Yesterday’s Youရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းကပဲရိုက်ကူးထားပြီး ကြည်ကြည်နူးနူး ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့်ခံစားချက်vibeလေးကလည်းအတူတူပါပဲ။ ဇာတ်လမ်းအကြောင်းအရာကတော့ Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီ ချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။ ၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။ နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။အဲ့ဒီနောက်မှာတော့...................File Size :(1.4GB) and (549MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…02:01:00 Genre :Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Even if This Love Disappears from the World Tonight(2022)

Unlock Your Heart – Open (2021) 6.6
Unlock Your Heart – Open (2021) Open / Unlock your heart / Hiraite (2021)ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲအာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်... ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ်တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ်သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File ...
movie

Unlock Your Heart – Open (2021)

We Couldn’t Become Adults (2021) 6.5
We Couldn’t Become Adults (2021) We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie

We Couldn’t Become Adults (2021)

2021
Fukushima 50 (2020) 7.0
Fukushima 50 (2020) Fukushima 50 (2020)အညွှန်း*************************ဂျပန်​နိုင်​ငံတစ်​နိုင်​ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်​ကို ထုတ်​လုပ်​​ပေး​နေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်​အားကြီးတဲ့ ငလျင်​ဒဏ်​နဲ့ ဆူနာမီလှိုင်းဒဏ်​​တွေ​ကြောင့်စက်​ရုံတစ်​ခုလုံး လျှပ်​စစ်​ဓာတ်​အားပြတ်​​တောက်​ကာ ဓာတ်​​ပေါင်းဖို​တွေ အပူလွန်​ကဲပြီး ​ပေါက်​ကွဲ​တော့မယ့် အ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ဒီအ​ခြေအ​နေကို ​ရှေ့တန်းက ရင်​ဆ်ို​င်​​ဖြေရှင်းရသူ​တွေက​တော့ဒိုင်​အီချိ စက်​ရုံက အလုပ်​သမား​ ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl  ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

Fukushima 50 (2020)

The Place Promised in Our Early Days(2004) 7.1
The Place Promised in Our Early Days(2004) The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့  ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့်  သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်...  ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie

The Place Promised in Our Early Days(2004)

2004