Channel Myanmar

Matei Dima

Miami Bici (2020) 6.1
Miami Bici (2020) Miami Bici 2020 အညွှန်းရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။ Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။ ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။ သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။ တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီး သူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြ‌ပါတော့တယ်။ တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊ အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊ သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။(နှုတ်ကြမ်းသောစကားများ၊ အမြင်မတော်သောအပြုအမူများ အများအပြားပါဝင်သောကြောင့် မိသားစုနဲ့တူတူ မကြည့်ရှုသင့်ပါကြောင်း)အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime Quality…. 1080p | 720p File size… 1.9GB ...
movie

Miami Bici (2020)

2020
Miami Bici 2 (2023)
Miami Bici 2 (2023) Miami Bici 2 2023 အညွှန်းရိုမန်းနီးယန်း Dumb and Dumber လို့ဆိုရမဲ့နှစ်ယောက်တို့ရဲ့ ဒုတိယကားလေး လာပါပြီ။ ပထမကားတုန်းကတော့ Bila တစ်ယောက် ကောင်မလေးရသွားပြီး ဒုတိယကားမှာ ထားခဲ့ခံလိုက်ရပါတယ်။ အဆွေးသမားလေးဘီလာအနေနဲ့ အသားကင်ဆိုင်ဖွင့်စားနေချိန်မှာ သူတို့ဆိုင်ကို မုန့်လာစားတဲ့သူနှစ်ယောက်ဆီက LA ကိုလာဖို့ ဖိတ်ခေါ်ခံလိုက်ရပါတယ်။ နှလုံးအထူးကုဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးခေါ်ခံလိုက်ရတော့ ပျော်နေချိန်မှာ သူ့ဘော်ဒါ Piciu က တစ်နေရာက ထွက်ပြေးလာချိန်နဲ့ ကြုံကြိုက်တော့ LA ကို နှစ်ယောက်သား လစ်လာကြတော့တယ်။ LA စထွက်ခါစမှာပဲ Bila ရဲ့ကားလေး ခိုးခံလိုက်‌ရတော့ နှစ်ယောက်သား ဘယ်လိုတွေ ခရီးဆက်မလဲ။ သူတို့ကိုခေါ်တဲ့သူတွေကရော လူကောင်းတွေဖြစ်မလား။ ဘယ်လိုအလန်းဇယားလေးတွေ ပါလာမလဲဆိုတာ ကြည့်ရှုကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 1.1GB Format… mp4 Duration…. 1h 42min Subtitle…. Myanmar ...
movie

Miami Bici 2 (2023)

2023
Copacul Dorințelor: Amintiri din Copilărie (2022) 7.8
Copacul Dorințelor: Amintiri din Copilărie (2022)  The Wishing Tree လို့အမည်ရတဲ့ရိုမေးနီးယန်းစိတ်ကူးယဥ်ဇာတ်ကားဖြစ်ပြီး IMDb 7.8/10 အထိရရှိထားပါတယ် Hospice ဆိုတဲ့ဆေးကုသရေးစင်တာကရောဂါသည်ကလေးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့ ကုလို့မရတော့တဲ့ကင်ဆာဝေဒနာရှင်လေးမာယာဟာအဖိုးနဲ့အတူနေပြီးဆုံးသွားတဲ့အမေဖြစ်သူကိုအမြဲတွေ့ချင်နေခဲ့တာပါ တစ်နေ့တော့မာယာဟာ Hospice ဆိုတဲ့ဆေးကုသရေးစင်တာကိုရောက်သွားရာကနေ ဆုတောင်းပြည့်သစ်ပင်မှာဆုတစ်ခုတောင်းခဲ့ပါတော့တယ် အဲဒီဆုတောင်းပြည့်သစ်ပင်ကမှော်သစ်ပင်ဖြစ်ပြီး ဆုတောင်းလိုက်တဲ့သူကိုပုံပြင်တစ်ခုထဲခေါ်သွားပြီး တာဝန်တွေအောင်မြင်မှဆန္ဒကိုဖြည့်ဆည်းပေးမှာပါ မာယာတစ်ယောက်ပုံပြင်ကမ္ဘာထဲမှာသူ့ရဲ့တာဝန်တွေကိုဘယ်လိုအောင်မြင်အောင်ဆောင်ရွက်မလဲ သူ့ရဲ့ဆုတောင်းကရောပြည့်သွားနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် နူးနူးညံ့ညံ့နဲ့ခံစားရစေတဲ့ဇာတ်ကားကောင်းလေးဖြစ်လို့လက်မလွှတ်သင့်ပါဘူး File size…(1.3 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Copacul Dorințelor: Amintiri din Copilărie (2022)

Haita De Acțiune (2023) 5
Haita De Acțiune (2023) Haita De Acțiune (2023)Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ...
movie

Haita De Acțiune (2023)

2023
Teambuilding (2022) 6.5
Teambuilding (2022) IMDb 6.5 အထိရရှိထားပြီးအသင်းအဖွဲ့နဲ့စည်းလုံးညီညွှတ်တာကိုဦးတည်ရိုက်ကူးထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ် Team building ဆိုတာအဖွဲ့အစည်းစိတ်ဓာတ်မြင့်တက်လာအောင် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြိုင်ပွဲတွေလုပ်ကြတဲ့ပွဲတစ်ခုပါ ဇာတ်လမ်းထဲမှာတော့ အီမီက FU Global ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားပေမဲ့အသင်းအဖွဲ့စိတ်ဓာတ်မရှိလို့သူ့ဘော့စ်ကသူ့ကိုသိပ်သဘောမကျပါဘူး အီမီတစ်‌ယောက် မလိမ့်တစ်ပတ်နဲ့ရာထူးချခံလိုက်ရပြီးလာမဲ့ Team building မှာပါဝင်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ် ပေါက်ကရလူတွေချည်းစုထားတဲ့အီမီတို့အဖွဲ့ပြိုင်ပွဲမှာအခြေအနေကောင်းပါ့မလား ဖလားကိုရောအရယူနိုင်ပါ့မလား သူတို့ team building သွားရင်းဘာတွေတွေ့ကြုံကြရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရှုရမှာပါFile size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Teambuilding (2022)