Channel Myanmar

Mateo Gómez

Before the Devil Knows You’re Dead (2007) 7.3
Before the Devil Knows You’re Dead (2007) Imdb rating - 7.3/10ဒီ​ရုပ်ရှင်​ကတော့​ ၂၀၀၇ ခုနှစ်​က​ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​အင်ဒီရုပ်ရှင်​ဖြစ်ပြီး​ Crime/Drama နဲ့​ Thriller အမျိုး​အစားဖြစ်ပါတယ်။ ဇာတ်ကား​နာမည်က​ အိုင်းရစ်ရှ်စကားပုံတစ်ခုကနေ မှီငြမ်းထားတာဖြစ်ပြီး​ ဒီရုပ်ရှင်ကို​၂၀၀၇​ မှာ ထွက်ရှိခဲ့တဲ့အကောင်းဆုံးရုပ်ရှင် ဆယ်ခုထဲကတစ်ခု​အဖြစ်​ သတ်မှတ်ခဲ့ပါတယ်။အော်​စကာဆုရှင်မင်း​သားကြီး​ Philip Seymour Hoffmann နဲ့​ Ethan Hawke တို့က​ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့​ Hank နဲ့​ Andy Hanson​ ညီအစ်ကို​နှစ်ယောက်​အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်း​မိတ်ဆက်​က​တော့​ ဟန်ခ့်​ဟန်ဆန်​ (Ethan Hawke) က​ ဇနီး​ဖြစ်သူနဲ့ကွာရှင်းထားပြီး ငွေကြေး​မပြေလည်တာကြောင့် အကြွေးပတ်လည်ဝိုင်းပြီး သမီး​ဖြစ်​သူအတွက် ကလေး​စရိတ်​ကိုတောင်​ပေးဖို့​ရုန်းကန်​နေရသူပါ။ သူ့အစ်ကိုဖြစ်တဲ့ အန်​ဒီက​ အိမ်ခြံမြေကုမ္ပဏီမှာ ဘဏ္ဍာရေး​ဌာနအကြီးအကဲဖြစ်ပြီး ငွေကြေးအလွဲသုံးစားလုပ်ထားတာတွေကြောင့်​ ဘရာဇီးကိုထွက်ပြေးဖို့ကြံစည်နေပါတယ်။ လိုအပ်​တဲ့ငွေကြေးကိုရဖို့အတွက် အန်ဒီ​က​ သူ့ညီဟန်ခ့်ကို ဓားပြ​တိုက်ဖို့စည်းရုံးပါတော့တယ်။ ဓားပြ​တိုက်မှာ​က​ တခြားမဟုတ်ဘဲ သူ့မိဘနှစ်ပါးရဲ့ရတနာဆိုင်ပါ။ ဒါပေမဲ့​ သူတို့​စီစဥ်ထားသလိုမဖြစ်ဘဲ​ အကြီးအကျယ်လွဲချော်သွားတဲ့အခါ နောက်​ဆက်​တွဲ​ဖြစ်​ရပ်​တွေ​ တသီတတန်းကြီးကို ...
movie

Before the Devil Knows You’re Dead (2007)

Delta Force 2: The Colombian Connection (1990)
Delta Force 2: The Colombian Connection (1990) Delta Force 2: The Colombian Connection (1990)မင်းသားကြီး Chuck Norris ရဲ့ Delta Force Trilogy ထဲက ဒုတိယမြော​က်ကား လာပါပြီ။ ပထမကားကတော့ 1986 ထွက် The Delta Force ပါ။ဒီတစ်ခါကတော့ အမေရိက မှောင်ခိုဈေးကွက်မှာ အကြီးအကျယ် လုပ်ပိုင်ခွင့်ရထားတဲ့ တောင်အမေရိက မူးယစ်ဆေး တင်ပို့ရောင်းချသူ ရာမွန်ကိုတာကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင်ဖြစ်ပါတယ်။နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆန်ကားလို့စ်နိုင်ငံက ကိုကိန်းဘုရင် ရာမွန်ကိုတာဟာ ​Chuck Norris (ကာနယ် မက်ကွိုင်း) ရဲ့ Delta Force တွဲဖက်အပြင် အမေရိကရဲ့ မူးယစ်ဆေးဝါး အေးဂျင့်အဖွဲ့ကို ဖမ်းထားပြီး သူ့အိမ်မှာ အကျဉ်းချထားတာပါ။ အဲဒါနဲ့ပဲ Delta Force ဟာ ကိုတာရဲ့ အင်အားကြီးမားတဲ့ ကိုကိန်းအင်ပါယာကြီးကို ရင်ဆိုင်တိုက်ခိုက်ရဖို့ ဖြစ်လာပါတယ်။ ...
movie

Delta Force 2: The Colombian Connection (1990)

1990