Channel Myanmar

Mathieu Kassovitz

La Haine (1995) 8.1
La Haine (1995)  Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie

La Haine (1995)

The Astronaut (2022) 6.7
The Astronaut (2022) The Astronaut (2022)~ IMDb rating - 6.7/10 ~ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - ...
movie

The Astronaut (2022)

2022
Asterix & Obelix: Mission Cleopatra (2002) 6.6
Asterix & Obelix: Mission Cleopatra (2002) Asterix & Obelix: Mission Cleopatra (2002)IMdb (6.6) / Rotten Tomatoes (86%)ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်...ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့...ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ...အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ...၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix ...
movie

Asterix & Obelix: Mission Cleopatra (2002)

2002
HEVC 1080p 5.1
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

Amélie (2001) 8.3
Amélie (2001) Amélie(2001)========================IMDb Rating- 8.3/10 Rotten Tomatoes- 89% "အဲ့ကောင်မလေးက သူများရဲ့ ကမောက်ကမ ဘ၀တွေကို ကူပြင်ပေးဖို့ ကြိုးစားတာလည်း ဖြစ်နိုင်တယ်လေ" "ကိုယ့်ဘ၀ကိုယ်ကျတော့ရော မပြင်ဘူးလား? ကိုယ်ရဲ့ ကမောက်ကမဖြစ်နေတဲ့ ဘ၀ကို မပြင်ဘူးလား? ကိုယ်မှ မပြင်ရင် ဘယ်သူက လာပြီး ကူပြင်ပေးမှာလဲ? " -Amélie(2001) ကျောင်းတက်ဖို့အရွယ်ရောက်လာတဲ့Amélie Poulainကို သူ့အဖေက နှလုံးရောဂါရှိတယ်လို့ အမှတ်မှားပြီး ကျောင်းမထားပါဘူးဒီတော့ သူ့အမေက သူ့ကို အိမ်မှာပဲ ထားပြီး ကိုယ်တိုင် စာသင်ပေးပါတယ်အဲ့အချိန်ကစပြီး Amélieက အထီးကျန်တဲ့လူတစ်‌ယောက်ဖြစ်လာပြီး သူ့အထီးကျန်မှု‌တွေကို စိတ်ကူးယဉ်မှု‌တွေနဲ့ပဲ အဖော်ပြုခဲ့ပါတယ်ဒါကြောင့် အရွယ်ရောက် အလုပ်လုပ်နေတဲ့အချိန်မှာ ကိစ္စတိုင်းကို သူမတူတဲ့အမြင်နဲ့ ရှုမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာပါတယ်မင်းသမီး ဒိုင်ယာနာဆုံးတဲ့ ၁၉၉၇ခုနှစ် ဩဂုတ်လ ၃၁ရက်မှာ သူ့ကံကြမ္မာပြောင်းဖို့ ဖြစ်လာပါတယ်အဲ့နေမှာ Amélieက သူ့တိုက်ခန်းထဲကနေ ဘူးတစ်ဘူးရှာတွေ့ပါတယ်အဲ့ဘူးက တခြားတော့ မဟုတ်ပါဘူးလွန်ခဲ့တဲ့ နှစ်လေးဆယ်က သူ့တိုက်ခန်းမှာနေခဲ့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပစ္စည်းပါအဲ့ဘူးလည်း တွေ့တော့ Amélieက ...
movie

Amélie (2001)

2001
The Wolf’s Call (2019) 7.6
The Wolf’s Call (2019) Rating 7.7 အထိရရှိထားတဲ့ ပြင်သစ် Action/Drama/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ ရေငုတ်သင်္ဘောသားတွေကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigationလုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ...ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။( ရေတပ်ဆိုက်ရာအသုံးအနှုန်းတွေပါဝင်တဲ့အတွက် အဓိပ္ပါယ်တစ်ချို့ကွဲလွဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။အနီးစပ်ဆုံးဖြစ်အောင်ဘာသာပြန်ထားပေမယ့် ကွဲလွဲတာရှိရင်သည်းခံပေးကြပါ။) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 55min Format ...
movie

The Wolf’s Call (2019)

2019
Munich (2005) 7.5
Munich (2005) Munich (2005)IMDb - 7.5/10_____Rotten - 78%  ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ...
movie

Munich (2005)

2005
Valerian and the City of a Thousand Planets (2017) 6.5
Valerian and the City of a Thousand Planets (2017) Valerian and the City of a Thousand Planets (2017) IMDb - 6.5/10_____Rotten - 48%   2017 July မှာ စတင်ရုံတင်ပြခဲ့တဲ့ Sci-Fi, Space Adventure ဇာတ်ကားလေးပါ။ဒီဇာတ်ကားကို the fifth element , Lucy, messenger အစရှိတဲ့ ဇာတ်ကားကောင်းတွေကို ဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Luc Besson က သူငယ်ငယ်ကတည်းက သိပ်ကြိုက်နှစ်သက်ခဲ့ရတဲ့  ၁၉၆၇ နှစ်ကတည်းက စတင်ထွက်စတင်ထွက်ရှိလာတဲ့ပြင်သစ်သိပ္ပံကာတွန်းဇာတ်လမ်းတွဲကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပါ။ဒီကာတွန်းဇာတ်လမ်းတွဲက အရမ်းလူကြိုက်များပြီး စာအုပ်ပေါင်း ၁၀သိန်းကျော်အထိ ထုတ်ဝေဖြန့်ချီပြီး ဘာသာစကားပေါင်း ၁၂မျိုးနဲ့ ဘာသာပြန်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။  ဒါရိုက်တာကိုယ်တိုင် သိပ်ကြိုက်ခဲ့တဲ့ အာကာသဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာကြောင့် အာကာသယာဉ်တွေ အာကာသခစန်းတွေ ဆန်းပြားတဲ့လက်နက်တွေ ထူးဆန်းတဲ့ဂြိုဟ်သားတွေ ဆန်းပြားတဲ့သတ္တဝါမျိုးစုံတွေ စတာကို သူ့စိတ်ကြိုက် အထူးပုံဖော်ထားလို့ ဘတ်ဂျက်က US 209 ...
movie

Valerian and the City of a Thousand Planets (2017)

2017