Channel Myanmar

Matt Cook

Champions (2023) 6.7
Champions (2023) Champions (2023) ================ IMDb Rating - 6.7/10 Comedey, Drama, Sportဒီဇာတ်လမ်းလေးကတော့ Basketball ကိုကျောရိုးယူထားပြီး ကြည့်နေတဲ့သူတွေကိုပါ ဟာသဆန်ဆန်နဲ့ စိတ်ကြည်နူးမှုလေး ကို ခံစားစေနိုင်တဲ့ Sportဇာတ်လမ်းလေးကောင်းတစ်ခုပါ။ ဒီဇာတ်ကားမှာတော့ Now You See Me, Vernon, The Hunger Games စတဲ့ရုပ်ရှင်တွေမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Woody Harrelson က နည်းပြ Marcus Marakovich အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့.. Marcus Marakovich ဟာကစားသမားတွေကို လက်ရွေးစင် အသင်းအထိရောက်အောင် လေ့ကျင့်ပေးနိုင်တဲ့ အရည်အချင်း ရှိတဲ့နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ကစားပွဲတွေအတွက် ကစား နည်းပုံစံတွေကိုသာ အာရုံစိုက်လေ့ရှိပြီး အသင်းသားတွေကိုတော့ စိတ်ထဲတောင်မထားတဲ့သူပေါ့။ ဒီလိုလူကတစ်နေ့မှာတော့ အရက် မူးမူးနဲ့ကားမောင်းရင်း ရဲကားတစ်စီးကိုတိုက်မိသွားပါတယ်။ တရားရုံးကသူ့ကို ဉာဏချို့တဲ့နေတဲ့ အသင်းသားတွေကို ရက် ၉၀ ကြာ နည်းပြအဖြစ်လေ့ကျင့်ပေးဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသင်းသားတွေကို ဂရုမစိုက်တတ်တဲ့ Marcus တစ်ယောက်က တော့ သေချာဂရုစိုက်ပြီး လေ့ကျင့်သင်ကြားပေးဖို့လိုအပ်တဲ့ အသင်း သားတွေနဲ့ စိတ်ပျက်နေခဲ့ပါတယ်။ဒါပေမဲ့ တစ်ရက်ထက်တစ်ရက် သူ့အသင်းသားတွေက ထင်ထား တာထက် ပိုပြီးလုပ်နိုင်စွမ်းရှိတာကို သူသတိထားမိလာပါတယ်။ နည်းပြနဲ့အသင်းသားတွေကြားက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူတဲ့ပုံစံတွေ ...
movie

Champions (2023)

2023
The Greatest Beer Run Ever (2022) 6.7
The Greatest Beer Run Ever (2022) The Greatest Beer Run Ever (2022)ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Greatest Beer Run Ever (2022)

2022
Being the Ricardos (2021) 6.8
Being the Ricardos (2021) အာရွန်ဆော့ကင်း ရိုက်ကူးပြီး မင်းသမီးကြီး နီကိုးကဒ်မန်း သရုပ်ဆောင်ထားတဲ့ အော်စကာ ဆန်ကာတင်ရုပ်ရှင်တစ်ခု ထွက်လာပါပြီ။ ဟောလိဝုဒ်ရွှေခေတ် တီဗွီမင်းသမီးကြီး Lucy Ball ဟာ သူ့ရဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ I Love Lucy မှာ သူ့ခင်ပွန်းဖြစ်သူ Desi Arnez နဲ့တူတူ တွဲဖက်သရုပ်ဆောင်ပြီးဝက်ဝက်ကွဲအောင်မြင်နေပါတယ်။Sit-com တို့ရဲ့အစလို့တောင်ပြောလို့ရတဲ့ ဒီဇာတ်လမ်းတွဲကို အဖြူအမည်းခေတ်မှာပဲဘယ်လိုဖန်းတီးကြလဲ၊ဘယ်လိုသရုပ်ဆောင်ကြလဲဘယ်လိုရိုက်ကူးကြလဲဆိုတာ ကိုပြသထားပါတယ်။ဒါပေမယ့်လဲ Lucy နဲ့Desi တို့ဟာ ဟောလိဝုဒ် ရဲ့အကျော်ကြားဆုံးဇနီးမောင်နှံအဖြစ်ကနေ အိမ်ထောင်ရေးပြသနာတွေ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေးအရ စွပ်စွဲမှုတွေ ကြောင့် သူတို့ရဲ့လူနေမှုဘဝခြိမ်းခြောက်ခံနေရပါပြီ။ထိုခေတ်က အမေရိက လိုနိုင်ငံမှာလဲ ရိုးရိုးပြည်သူတွေဟာ ကွန်မြူနစ်လို့ သံသယဖြစ်ခံရတာနဲ့ ဘဝပျက်သွားနိုင်တာကိုပြထားပါတယ်။ တီ‌ဗီဇာတ်လမ်းတွဲတွေရဲ့သမိုင်းတလျှောက်အကျော်ကြားဆုံးထဲမှာပါတဲ့ မင်းသမီးကြီး Lucy Ballရဲ့ ဘဝကိုရိုက်ထားတာဖြစ်ပြီး Oscar ဆုရသရုပ်ဆောင်တွေဖြစ်တဲ့ Nicole Kidman Javier Bardem နဲ့ J.K Simmons တို့အစုံအလင်ပါဝင်ထားပါတယ်။ဒီရုပ်ရှင်ကိုကြည့်ရင်းနဲ့အတိတ်ကဟောလိဝုဒ်ဆီကိုပြန်လည်ခံစားနိုင်ပါတယ်။ File size…(2.1 GB) ...
movie

Being the Ricardos (2021)