Channel Myanmar

Matt Kane

Immortal Combat the Code 2019 5.1
Immortal Combat the Code 2019 Immortal combat the code ဆိုတဲ့ဇာတ်​ကား​လေးက​တော့ အက်​ရှင်​ခန်း​​တွေ ဖိုက်​တင်းခန်း​တွေကို ​ဝေ​ဝေဆာဆာ​တွေ့ရမယ့် science - fiction ကား​လေးပဲဖြစ်​ပါတယ်​။​လေထုညစ်​ညမ်းမှု​ကြောင့် ဖြစ်​​ပေါ်လာတဲ့ ကမ္ဘာကြီးပူ​နွေးမှု​တွေ​ကြောင့် လူသား​တွေ ​သေဆုံးပြီး အခက်​ကြုံ​နေရပါတယ်​။ ဒီအရာ​တွေကို ​ဖြေရှင်းဖို့အတွက်​ သိပ္ပံအဖွဲ့အစည်းတစ်​ခုက ​လေထုကိုသန့်စင်​​ပေးမယ့် သ​င်္ကေတစနစ်တစ်​ခုဖန်​တီးခဲ့ပါတယ်​။ ဒီသ​င်္ကေတစနစ်​​ကို Four's 11 ဆိုတဲ့အဖွဲ့အပါအဝင်​ ​ကြေးစားအဖွဲ့​တွေက လိုက်​လံရှာ​ဖွေ​နေကြတာပါ။ ဒီသ​င်္ကေတစနစ်​ဟာ ကံအား​လျော်​စွာပဲ ဓာတ်​ကြီး​လေးပါး အဖွဲ့ဝင်​ "တိမ်​တိုက်​"ဆီကို​ရောက်​လာပါတယ်​။ သဘာဝစွမ်းအင်​​တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်​ကြီး​လေးပါးအဖွဲ့ဝင်​ "​ရေ" ဟာ ညီမဖြစ်​သူ အယ်​မာကိုသတ်​သွားတဲ့ လူသတ်​သမားကို လိုက်​ရှာ​နေသူပါ။ ညီမဖြစ်​သူ သတ်​သွားတဲ့ Four's 11 အဖွဲ့ကို လိုက်​စုံစမ်းရင်း သူတို့ရဲ့အဖွဲ့ဝင်​ တိမ်​တိုက်​ ကိုယ်​တိုင်​က Four's 11 ရဲ့အဖွဲ့ဝင်​တစ်​ဦးဖြစ်​​နေခဲ့တဲ့အခါ..... အယ်​မာရဲ့​သေဆုံးမှု ဖြစ်​ရပ်​မှန်​​နောက်​ကွယ်​မှာ ဘာ​တွေရှိမလဲ......? သ​င်္ကေတစနစ်​ကို အပြိုင်​အဆိုင်​လုယက်​ဖို့ကြိုးစားရင်း အဖွဲ့ဝင်​အချင်းချင်း ဘယ်​လိုသစ္စာ​ဖောက်​မှု​တွေ ကြုံလာရမလဲ.....? တိမ်​တိုက်​ရဲ့ ​နောက်​​ကြောင်းမှန်​​ပေါ်သွားပြီး​နောက်​မှာ​ရော ဘာ​တွေဆက်​ဖြစ်​ကြမလဲ ...?ဆိုတာကို ဒီသိပ္ပံကား​လေးထဲမှာ စိတ်​ဝင်​စားဖွယ်​ ...
movie

Immortal Combat the Code 2019