Channel Myanmar

Matt Roy

Downtown Owl (2023)
Downtown Owl (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်သုံးယောက်ပါပါတယ်.ပထမဇာတ်ဆောင်ဖြစ်တဲ့ဂျူလီယာရေဘီယာဟာ အောင်းလ်မြို့ကို အထက်တန်းကျောင်းဆရာမအဖြစ်ပြောင်းရွေ့လာခဲ့ပါတယ်....သူမရဲ့ယောက်ျားဖြစ်သူ ပါရဂူအတန်းတက်နေလို့ အချိန်ပိုရ‌အောင် ပြောင်း‌လာတာပါ။သူမဟာပထမနှစ်ဝက်ပဲသင်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး ‌နောက်နှစ်ရောက်ရင်အိမ်ပြန်ပြီးကလေးယူဖို့စီစဉ်ထားပါတယ်....အောင်းလ်မြို့ကိုရောက်ရှိလာတဲ့ ဆရာမအသစ်ဖြစ်တဲ့အလျောက် သူမကနာမည်ကြီးလာပါတယ်....နောက်တစ်ယောက်‌ကတော့ ထိုမြို့ကအထက်တန်းကျောင်းသား မစ်ခ်ျပါ...မစ်ခ်ျကဝါသနာမပါတဲ့ဘောလုံးကိုကစားရင်း သူသဘောကျနေတဲ့ကောင်မလေးက ဆရာတစ်ယောက်နဲ့ဖောက်ပြန်နေလို့ စိတ်ညစ်နေရသူပါ....နောက်တစ်‌ယောက်ကတော့ ဟော်ရေစ့်ဆိုတဲ့အဖိုးကြီးပါ....ဒီတော့ အောင်းလ်မြို့ကိုပြောင်းရွှေ့လာတဲ့ဆရာမအသစ် ဂျူလီယာရေဘီယာနဲ့ မစ်ခ်ျတဲ့ဟော်ရေစ့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်....အချိန်ကြာလာတဲ့အခါ ဂျူလီယာဟာ အောင်းလ်မြို့ရဲ့လူနေမှုစံနှုန်းတွေကိုသိမြင်လာတဲ့အခါမှာတော့....ဒီဇာတ်ကားဟာ အဆိုပါဇာတ်ကောင်သုံးယောက်ကိုအကြောင်းပြုရင်း ရိုက်ကူးထားပါတယ်.....တင်ဆက်ပြသပုံတွေ...နောက်ခံသီချင်းတွေကောင်းမွန်တဲ့အတွက် ကြည့်ပျော်တယ်လို့ပြောလို့ရပါတယ်...ခံစားကြည့်ကြပါခင်ဗျာ File size…(1.3 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Downtown Owl (2023)

I Am Not a Serial Killer (2016) 6.2
I Am Not a Serial Killer (2016) I Am Not a Serial Killer (2016)ခုတဖန် ဘာသာပြန်တင်ဆက်ပေးလိုက်တာကတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ I'm not A Serial Killer ဆိုတဲ့ Thriller အမျိုးအစား ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အလောင်းတွေကို ခွဲစိတ်ရတဲ့ အမေဖြစ်သူနဲ့ ကြီးပြင်းလာရတဲ့ အဓိကဇာတ်လိုက် ဂျွန်ဟာ လူအများနဲ့ မတူဘဲ ထူးထူးခြားခြား ကွင်းဆက်လူသတ်သမားတွေအကြောင်းကို အလွန်စိတ်ဝင်စားနေသူပါ။တစ်နေ့မှာတော့ အေးချမ်းတဲ့ သူတို့မြို့ကလေးမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီး အမှုတွေဟာလည်း ထူးဆန်းနေပါတယ်။အလောင်းတွေကို ခွဲစိတ်ရင် ကူညီရတဲ့ မင်းသားဟာ အလောင်းတွေမှာ ထူးထူးဆန်းဆန်း ကိုယ်တွင်းအင်္ဂါတချို့ ပျောက်ဆုံးနေတာကို သတိထားမိခဲ့ပြီး လူသတ်သမားနောက်ကို ကိုယ့်ဘာသာ လိုက်လံစုံစမ်းနေခဲ့ပါတယ်။ဒီလိုနဲ့ လူသတ်သမားနောက်ကို တစ်ယောက်တည်းလိုက်နေရင်း လူသတ်သမားနဲ့ စိန်ပြေးလိုက်တမ်းကစားသလို ဖြစ်လာတဲ့အခါမှာတော့ ...Director Billy O'Brien ရိုက်ကူးထားပြီးတော့ ဒီဇာတ်ကားဟာ ၂၀၁၇ ရုပ်ရှင်ပွဲတော်တွေမှာ ဆုအချို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ...
movie

I Am Not a Serial Killer (2016)

2003