Channel Myanmar

Matt Watts

Scott Pilgrim vs. the World (2010) 7.5
Scott Pilgrim vs. the World (2010) Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie

Scott Pilgrim vs. the World (2010)

2010
4K HEVC
Antiviral (2012) 5.4
Antiviral (2012) (IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလို‌လိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်‌ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်‌ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ...
movie

Antiviral (2012)