Channel Myanmar

Matt Wells

Daddy’s Perfect Little Girl (2021)
Daddy’s Perfect Little Girl (2021)  လှပပျိုမြစ်တဲ့ ဆယ်ကျော်သက်မလေးတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ ကနေဒါမင်းသမီးလေး Hattie Kragtenရဲ့ ကလေးသရုပ်ဆောင်ဘ၀တုန်းက ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။အတိတ်ကဖြစ်ရပ်ဆိုးတွေကြောင့် အယ်လာလေးမှာ သူ့ဘ၀ရဲ့တစ်ယောက်တည်းသော မိသားစုဖြစ်တဲ့ မွေးစားအဖေ နိုလန်ကို တုန်နေအောင်ချစ်ရှာတယ်။ အဖေဖြစ်သူကို ထိခိုက်လာတာမျိုး၊ သူတို့သားဖကြား သူစိမ်း၀င်လာတာမျိုး ခံစားရတာနဲ့ လွန်လွန်ကျူးကျူး တုံ့ပြန်တတ်ပါတယ်။ဒါပေမဲ့ သူ့လုပ်ရပ်ကို ဘယ်သူမှမသိအောင် တိတ်တဆိတ်ကြံစည်တတ်ပါသေးတယ်။ ဒီလိုအခြေအနေမှာမှ အဖေဖြစ်သူ နိုလန်နဲ့နီးစပ်လာခဲ့တာက အိမ်ထောင်ကွဲအမျိုးသမီးဖြစ်တဲ့ ဆယ်လ်စီတို့သားမိနှစ်ယောက်။ အဖေဖြစ်သူရဲ့ ပြီးပြည့်စုံလှတဲ့ ချစ်သမီးလေးပဲဖြစ်ချင်တဲ့ အယ်လာတစ်ယောက် အဖေဖြစ်သူကို သူတစ်ယောက်တည်းအတွက်ဖြစ်ဖို့ အမျိုးမျိုးကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(948 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Tv Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Daddy’s Perfect Little Girl (2021)

My Husband’s Worst Mistake (2023) 5.5
My Husband’s Worst Mistake (2023) My Husband's Worst Mistake (2023)မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား? ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။ တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့ သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။ အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။ တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင် ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။ သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီး ကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့် ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို ...
movie

My Husband’s Worst Mistake (2023)

2023
Maid for Revenge (2023) 5.3
Maid for Revenge (2023)  ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ကမှထွက်ရှိခဲ့ပြီး ဒါရိုက်တာ Alexandre Carrière ရိုက်ကူးထားတဲ့ mystery and thriller အမျိုးစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း‌အကျဉ်းလေးကတော့ မစ္စ၀စ်ခါဆန် က ၈ နှစ်အရွယ်သားလေးနဲ့အတူတူနေရင်း ဘ၀ကိုရုန်းကန်နေရတဲ့ single mother တစ်ယောက်ပါ။ သူအရင်က ထောင်လည်းကျခဲ့ဖူးတာမလို့ သန့်ရှင်းရေးအလုပ်လုပ်ပြီး ရိုးရိုးသားသားပဲလုပ်ကိုင်စားသောက်နေသူပါ။တစ်နေ့မှာတော့ အလုပ်လုပ်နေရင်းသတိမေ့သွားပြီး သတိပြန်ရလာချိန်မှာတော့ သူအလုပ်လုပ်နေတဲ့အိမ်ရှင်ရဲ့ ရေကန်နားမှာသွေးတွေနဲ့အတူဖြစ်နေပါတယ်။ အနားမှာလည်း ဓားထိုးရာနဲ့သွေးတွေထွက်နေတဲ့အိမ်ရှင်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူ့သားလေးကိုစိတ်ပူပြီး အိမ်ကိုမရရအောင်ပြန်ပါတော့တယ်။ ဒီလိုရိုးရိုးသားသားအလုပ်လုပ်နေတဲ့ အိမ်ဖော်တစ်ယောက်က တကယ်ပဲသူ့ရဲ့အလုပ်ရှင်ကိုသတ်ခဲ့တာလား? သူသတ်ခဲ့တာမဟုတ်ရင် ဘာလို့သူ့ကိုချောက်ချကြတာလဲ? သူမကရော အရင်ကဘာတွေဖြစ်ခဲ့တာလဲ? မစ္စ၀စ်ခါဆန် ကလည်းဒီအကြောင်းတွေကိုဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုကြရမှာပါ။File size…(1.5 GB)/(640 GB)/(360 Mb)Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Mystery, Tv Movie, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha
movie

Maid for Revenge (2023)