Channel Myanmar

Matt Willis

Catch Me If You Claus (2023) 6.6
Catch Me If You Claus (2023) Catch Me If You Claus (2023) ===================== IMDb Rating - 6.6/10ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ် အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့ သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေး ပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင် နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆို ကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာ ပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.43 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie

Catch Me If You Claus (2023)

2023
Wolves of War (2022)
Wolves of War (2022) Wolves of War (2022)မနှစ်က ထွက်ရှိထားတဲ့ Low Budget စစ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကိုအခြေတည်ထားတာပါ။ ဟစ်တလာဟာ သူစစ်ရှုံးတော့မယ်လို့မြင်တဲ့အခါ တိုင်းပြည်ထဲက လူငယ်တွေကို ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ခိုင်းပြီး ကျူးကျော်လာသူတွေကို တစ်နိုင်တပိုင်တိုက်ထုတ်ဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းတကြယ်မဟုတ်ပါဘူး။ဟစ်တလာဟာ သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်အနေနဲ့ နျူကလိယားဗုံးတီထွင်ဖို့ သိပ္ပံပညာရှင်တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ စနိုက်ပါတစ်ယောက်၊ စစ်သူရဲကောင်းတစ်ယောက်၊ သိပ္ပံကျောင်းသားတစ်ယောက်နဲ့ ဗိုလ်ကြီးတစ်ယောက်က သူ့ကို အသေခံမစ်ရှင်အနေနဲ့ သွားကယ်တင်ကြပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။စစ်သူရဲကောင်းကြီးက အိမ်လွမ်းဝေဒနာကိုခံစားနေရပြီး လူသေတွေအားလုံးကို သူ့သမီးလို့ပဲမြင်ယောင်နေတာပါ။ ဒီအချက်နဲ့တင်တည်ပြီး ဒီထက်ပိုကောင်းအောင် Psychology ဆန်ဆန်ရိုက်ကူးလို့ရပေမယ့် ဘတ်ဂျက်အခြေအနေကြောင့် ဇာတ်လမ်းကို ပေါ့ပစ်လိုက်ရဟန်တူပါတယ်။ အသံပိုင်းဆိုင်ရာကလည်း သိပ်အားရစရာမရှိပါဘူး။ သေချာ အချိန်သီးသန့်ယူပြီး ကြည့်ရလောက်အောင်ကောင်းတဲ့ စစ်ကားမျိုးမဟုတ်ဘဲ အပျင်းပြေကြည့်ပျော်တဲ့ စစ်ကားမျိုးဘက်ကိုသွားပါတယ်။စစ်ကားတွေကိုအသည်းစွဲကြိုက်ပြီး စစ်ကားမှကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ အပျင်းပြေစေမယ့်အနေအထားရှိပေမဲ့ Low Budget ရုပ်ရှင်ဖြစ်တာကြောင့် အများကြီးမျှော်လင့်မထားဖို့တော့ ကြိုပြောချင်ပါတယ်။(ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ...
movie

Wolves of War (2022)

2022
Wolves of War (2022) 4.3
Wolves of War (2022) Wolves of War (2022) =================လူတွေရဲ့အတွင်းစိတ်မှာတိုက်ခိုက်နေတဲ့ ဝံပုလွေဆိုးနဲ့ဝံပုလွေကောင်းတို့ ရှိနေပြီး ပိုအလေးပေးမိတဲ့အကောင်က အနိုင်ရပါသတဲ့...။အဆိုးအကောင်း ဒွန်တွဲနေတဲ့ လူ့စိတ်ကိုထင်ဟပ်ပြထားတဲ့ စကားလေးပါ။ Wolves of War ဟာ စစ်တွင်းနောက်ခံဇာတ်လမ်းပေမဲ့ စစ်ရေးမစ်ရှင်တင်မက အဲဒီလိုအတွေး ရစေမယ့်စကားလေးတွေနဲ့အတူ ဒရမ်မာလေးတွေပါ ခပ်ပါးပါးထည့်ထားတဲ့ စစ်ကားမျိုးပါ။ဒုတိယကမ္ဘာစစ်ပြီးကာစမှာ ဗြိတိသျှအရာရှိဦး‌ဆောင်တဲ့လက်ရွေးစင်အဖွဲဟာ ရန်သူ့နယ်မြေထဲ၀င်ရမယ့် နောက်ဆုံးစစ်ဆင်ရေးကို လုပ်ဆောင်ရပါတယ်။ သူတိုတာ၀န်က နာဇီတိုထိန်းသိမ်းထားတဲ့ အမေရိကန်သိပ္ပံပညာရှင် ပရော် ဖက်ဆာကြီးတစ်ယောက်ကို ခေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ ရန်သူ့နယ်မြေကို အ၀င်မှာပဲ သူတိုအဖွဲ နာဇီယုံကြည်သူ ဒေသခံပြည်သူ့စစ်အဖွဲနဲ့တိုးပါတော့တယ်။စစချင်းမှာပဲ အဖွဲ၀င် ၂ ယောက်လျော့ပြီး ၄ ယောက်သာကျန်တဲ့ သူတိုအဖွဲဟာ လူနည်းနည်းလေးနဲ့ နာဇီတွေကြား ဘယ်လိုတိုး၀င်မလဲ၊ ပရော်ဖက်ဆာကြီးကို ဘယ်လိုရှာဖွေကယ်ထုတ်မလဲ၊ suicide mission တစ်ခုလိုဖြစ်နေတဲ့ သူတိုစစ် ဆင်ရေးကြီးကနေ ဘယ်သူတွေကအိမ်ပြန်ရောက်ပြီး ဘယ်သူတွေက အိမ်ပြန် မရောက်နိုင်တော့ဘူးလဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လိုက်ကြရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.98 GB) / (970 MB) / (610 MB) Quality............WebRip 1080p ...
movie

Wolves of War (2022)

2022
My Fake Boyfriend (2022) 4.6
My Fake Boyfriend (2022) My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…  1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie

My Fake Boyfriend (2022)

2022