Channel Myanmar

Matt Wilson

King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
Moulin Rouge!(2001) 7.6
Moulin Rouge!(2001) Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor  နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie

Moulin Rouge!(2001)