Channel Myanmar

Matthew Baunsgard

The Loch Ness Horror (2023)
The Loch Ness Horror (2023)  ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie

The Loch Ness Horror (2023)

Freddy’s Fridays (2023)
Freddy’s Fridays (2023)  ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့  Horror Thriller ကြိုက်သူတွေ အတွက်အကြိုက်တွေ့စေမယ့် Freddy’s Friday လို့ ခေါ်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းကတော့ လန်ဒန်မှာ သောကြာနေ့တိုင်း မိန်းကလေးတွေ ပျောက်ပျောက်နေတဲ့အကြောင်းပါပဲ ။ ပျောက်သွားတဲ့မိန်းကလေးတွေက အလောင်းပဲ ပြန်ပြန်တွေ့ရတတ်ပြီးဘာနောက်ကြောင်းမှလည်း စုံစမ်းလို့ မရတာကြောင့် စုံထောက်ဖြစ်တဲ့ လေလာက အခက်တွေ့နေတာပါ ။အဲဒီလိုကနေ ခြောက်ယောက်မြောက် ပျောက်ဆုံးသူဖြစ်တဲ့ အန်နာစတေးရှားပျောက်ဆုံးပြီးတဲ့နောက်မှာတော့ လေလာဟာ သဲလွန်စကို ဆွဲမိခဲ့ပါတယ် ။ သဲလွန်စကတော့အန်နာစတေးရှားနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ တို့ဒ်ဖစ်ရှာ လို့ခေါ်တဲ့ လူပါပဲ ။ အဲဒီလူနောက်ကိုနောက်ယောင်ခံလိုက်ရင်းကနေ လေလာတစ်ယောက် ဘယ်လို ထူးဆန်းတာတွေကို တွေ့ရမလဲ ။ဘာတွေနဲ့ ကြုံရမလဲ ။ မိန်းကလေးတွေကို သောကြာနေ့တိုင်း ဖမ်းဖမ်းပြီးသတ်နေတဲ့ အရာကိုရောသူတားဆီးနိုင်မလဲဆိုတာ Freddy’s Friday လို့ ခေါ်တဲ့ ရုပ်ရှင်မှာ ဆက်ကြည့်လိုက်ကြရအောင် ။  File size…1.14GB /506MB Quality…WEB-Rip 1080p ...
movie

Freddy’s Fridays (2023)

Alien Invasion (2023)
Alien Invasion (2023)  Lyra‌မွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း ‌အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲကကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာသူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်းပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲမြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။  File size…0.99GB / 383MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Alien Invasion (2023)