Channel Myanmar

Matthew Gallagher

Hot Rod (2007)
Hot Rod (2007)  ရော့ဒ်ဆိုတဲ့ လူငယ်လေးက ပထွေးဖြစ်သူအသက်ကယ်ဖို့ ဆိုင်ကယ်စတန့်ကွက်ပြရင်း ရန်ပုံငွေရှာတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရော့ဒ်က မြို့ငယ်လေးမှာ မိခင်ရယ် ပထွေးရယ် သူ့ဘက်ကပါတဲ့သားရယ်နဲ့အတူနေပါတယ်။ဒီကားမှာ အဓိကဇာတ်ကောင်ရော့ဒ်ကို အံ့ဩစရာကောင်းအောင်တော်တဲ့ စတန့်သမားအဖြစ်ပုံမဖော်ထားပါဘူး။ သူစတန့်ပြတိုင်း အမြဲမအောင်မြင်တာမို့ပါ။ ဒါမဲ့ ရော့ဒ်က သူ့အဖေရင်းက စတန့်သမားဖြစ်ခဲ့တာကြောင့် သူလည်းတစ်နေ့ အောင်မြင်ရမယ်ဆိုပြီး တထစ်ချဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ပါတယ်။ ပထွေးဖြစ်သူက ရော့ဒ်ကို အမြဲရန်စ နှိမ်နေပြီး အထင်မကြီးလို့လည်းပါတာပေါ့။ သူ့ပထွေးနဲ့ ယှဉ်ပြီးချတိုင်းလည်း ရော့ဒ်က ရှုံးနေတာကိုး။ ရော့ဒ်ကတော့ တစ်နေ့မှာ ပထွေးကို အလဲထိုးပြီး လေးစားမှုရလာမယ်လို့ သိန္နိဌာန်ချထားပါတယ်။ဒါပေမဲ့ ပ‌ထွေးဖြစ်သူ နှလုံးအစားထိုးခွဲစိတ်ဖို့လိုလာတဲ့အခါ လိုအပ်တဲ့ ရန်ပုံငွေရှာဖို့ ရော့ဒ်က သူ့အပေါင်းအသင်းတွေနဲ့အတူ ဘက်စ်ကား15စီးကို ဆိုင်ကယ်နဲ့ ခုန်ကျော်ပြတဲ့ စတန့်ကွက်ပြမယ်ဆိုပြီး စီစဉ်ပါတော့တယ်။ သူ့ပထွေးကို ကယ်ပြီး ချတဲ့အခါ အနိုင်ရနိုင်ဖို့လည်း ပါပါတယ်။ အမြဲတမ်း မအောင်မြင်တဲ့ ရော့ဒ်တစ်ယောက် သူယုံကြည်ရာအတိုင်း အောင်မြင်ပါ့မလားဆိုတာ ...
movie

Hot Rod (2007)

Submergence (2017) 5.4
Submergence (2017) Submergence (2017)_____IMDb - 5.4/10    Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါ့မယ် ဒီကားလေးထဲမှာတော့ သူက အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေကြောင့် ခရူးဆိတ်စစ်ပွဲ(ဘာသာရေးစစ်ပွဲ)တွေပြန်အစပျိုးလာတဲ့အာဖရိကရဲ့ကက်စ်စမဒရိုးဒေသဆီသွားပြီးဂျီဟတ်ဒ်စစ်ပွဲပြင်ဆင်ဖို့ဖိအားပေးခြင်းခံနေရတဲ့ဒုက္ခသည်တွေအတွက် ရေရရှိဖို့အကျိုးဆောင်မယ့်အင်ဂျင်နီယာဂျိမ်းစ်မောအဖြစ်တွေ့ရမှာပါ ဒီလိုပြင်ဆင်ရင်းနဲ့ပဲ ဟိုတယ်တစ်ခုမှာပရော်ဖက်ဆာဒန်နီဖလင်းဒါးလို့ခေါ်တဲ့အဏ္ဏဝါဗေဒပညာရှင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်လမ်းဘာညာစတယ်ဆိုပါတော့ဗျာ ဒန်နီကလည်းသူမရဲ့အိပ်မက်ဖြစ်တဲ့ရေအောက်အနက်ဆုံးအလွှာထိဆင်းပြီးလေ့လာဖို့ ဂျိမ်းစ်ကလည်း စစ်ပွဲတွေအဆုံးသတ်ဖို့အတွက် ဆိုတဲ့ကိုယ်စီအိပ်မက်တွေယှဉ်လာချိန်မှာတော့....... သူတို့ပြန်ဆုံနိုင်ပါ့မလား အိပ်မက်ကိုယ်စီကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့...??? ကြည့်ကြည့်ရအောင်ဗျာ....???(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ)    File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie

Submergence (2017)

2017