Channel Myanmar

Matthew Harbour

Silent Night (2002) 7.5
Silent Night (2002) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ "မစ္စဝင်ကန်"နဲ့ သူမရဲ့သား "ဖရစ်" တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ ...
movie

Silent Night (2002)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

Equilibrium (2002) 7.3
Equilibrium (2002) Christian Bale ကို ကျွန်တော့် fav; မင်းသားစာရင်းထဲ ပါလာစေခဲ့တဲ့ ရုပ်ရှင်ပါ...ကျွန်တော်တို့ နေထိုင်တဲ့လောကကြီးမှာ စစ်ပွဲတွေ ဒေါသတွေ အာဃာတတရားတွေ မနာလိုမှုတွေ အချစ် အမုန်း စတဲ့ ခံစားချက်တွေမရှိတော့ရင် ဘယ်လိုဖြစ်သွားနိုင်သလဲ..... အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေးအပြင် ခံစားမှု  ခံစားချက် တွေကဘယ်လိုတောင်အရေးပါသလဲ.... ဒါတွေကို Sci- Fi ရုပ်ရှင်တစ်ခုအနေနဲ့ရှုထောင့်တစ်မျိုးကနေ ပြောပြသွားပါတယ်2002 ခုနှစ်ကထွက်ရှိထားပေမယ့် လူနဲ့ခံစားချက်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ရုပ်ရှင်ကားပါ။IMDb Rating 7.3 ရရှိထားပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို YeWai LynnHtut မှတင်ဆက်ထားတာပါ။)အသစ်ထွက်ရှိလာတဲ့ BluRay Open-Matte Version နဲ့တင်ဆက်ထားတာကြောင့် မြင်ကွင်းကျယ် Screen အပြည့် ကြည့်ရှုခံစားရမှာဖြစ်ပြီး သိမ်းထားချင်သူများအတွက်လဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ Version ဖြစ်ပါတယ်။ File size…(2.3 GB)/ (1 GB) Quality….BluRay OpenMatte 1080p /720p Format…mp4 Duration….01:46:50 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by YeWai LynnHtut
movie

Equilibrium (2002)

2002
OpenMatte