Channel Myanmar

Matthew J. Walters

Delivery Man (2013) 6.3
Delivery Man (2013) Delivery Man (2013) ==================အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော်Starlord မင်းသားကြီး Chris Pratt နဲ့အတူမင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့်ဟာသနှောတဲ့drama ကြိုက်သူတွေသဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။  File size…  1.33 GB /  646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. ...
movie

Delivery Man (2013)

2015
The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
Marley & Me (2008) 7.1
Marley & Me (2008) Marley & Me(2008) IMDb - 7.1/10_____Rotten - 62%  အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် Comedy - Drama အမျိုအစားလေးပါ... ဒီကားလေးကတော့ Marley ဆိုတဲ့ခွေးလေးနဲ့ သူ့သခင် John Grogan ရဲ့မိသားစု အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်..... John နဲ့ Jenny Grogans တို့လင်မယားနှစ်ယောက်လက်ထပ်ပြီး အလုပ်အတွက် မိုင်ယာမီကိုပြောင်းလာတာကနေစတာပဲ..... အိမ်ထောင်သက်အနည်းငယ်ရလာတော့ မိန်းမဖြစ်သူJenny က ကလေးလိုချင်လာတယ်... ဒါကို ကလေးမယူချင်သေးတဲ့John က မိန်းမကိုအာရုံလွှဲတဲ့အနေနဲ့ ခွေးလေးမွေးဖို့ကြံလိုက်တယ်...အဲ့ဒီမှာ John အတွက် ငါးပါးမှောက်တော့တာပဲ.... မွေးထားတဲ့ ခွေးလေး Marley ဟာ  တစ်အိမ်လုံးမှာ ရှိသမျှပစ္စည်းတွေကိုဖျက်ဆီးဖို့ တာဝန်ပေးထားသလား မှတ်ရတယ် ..အကုန် ကိုက် စုတ် ဖြဲ တဲ့ တာဝန်ကိုခန့်ခန့်ကြီးယူထားပါတယ်.. တော်တော်သောင်းကျန်းပြီး  ချစ်လည်းချစ်စရာကောင်း ရယ်လည်းရယ်ချင်စရာလည်းကောင်း အမြင်ကတ်ချင်စရာလည်းကောင်းတဲ့ခွေးလေးတစ်ကောင်ပေါ့... Marley ကသောင်းကျန်းတဲ့ခွေးလေးဖြစ်ပေမယ့် တစ်မိသားစုလုံးက ချစ်တယ် သူကလည်း မိသားစုကိုအရမ်းချစ် တစ်ကားလုံး ရယ်စရာ စိတ်ညစ်စရာ ရသတွေအပြင်Johnတို့ လင်မယား(၂)ယောက်ရဲ့ ပြဿနာတွေဘယ်လောက်ဖြစ်ဖြစ် ပြေလည်အောင်ညှိကြတာတွေကို ဟာသလေးတွေနှောပြီး ပညာပေးထားတဲ့ကားလေးပါ...ကိုင်းခံစားကြည့်လိုက်ပါဦး... Grogan လင်မယားအဖြစ် သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ မင်းသားကြီး Owen Wilson ...
movie

Marley & Me (2008)

2008