Channel Myanmar

Matthew Sturgess

The Medallion (2003)
The Medallion (2003) CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
movie

The Medallion (2003)

Naked Weapon (2002) 5.5
Naked Weapon (2002)  Naked Weapon 2002ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene ...
movie

Naked Weapon (2002)

2002
The Twins Effect (Vampire Effect) (2003) 6.0
The Twins Effect (Vampire Effect) (2003)  ၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ​ဟောင်​ကောင်အက်ရှင်ဟာသကား​လေး တင်ဆက်​​ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကား​တွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ​ခေါင်း​ဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအ​နေနဲ့ ပါဝင်ထားပါ​​သေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်​ကောင်မျိုးနွယ်​တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို ​သွေးစုပ်ကောင်နှိမ်နင်း​ရေး အဖွဲ့​အစည်းတွေလည်း အများအပြား​ ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း ​သွေးစုပ်​ကောင်မုဆိုး​တွေ​ပေါ့။ဒီလိုနဲ့ သူတို့​နေထိုင်ရာ ​ဟောင်​ကောင်ကို ဥ​ရောပနွယ်သွေးစုပ်ကောင်​တွေ ရုတ်တရက်​ရောက်လာကြပါတယ်။ သူတို့​​တွေ ရောက်လာရတဲ့အ​ကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ​​ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်း​တွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်​ဖြစ်တဲ့ ​တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ ​သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ​ဟောင်​ကောင်ကို ​ရောက်လာပြီး ရိဗ်ရဲ့ ညီမ​လေးဟယ်လန်နဲ့ ​ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥ​ရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က ​​တော်ဝင်မင်းသားနဲ့ သွေးစုပ်​ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie

The Twins Effect (Vampire Effect) (2003)

The Medallion (2003) 5.3
The Medallion (2003) The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size         : 697 MB Quality           : Blu ray 720P Running Time : 1hr 28 minute Format           : Mp4 Genre             : Action, Comedy, Fantasy Encoder         : Joker.phs
movie

The Medallion (2003)