Channel Myanmar

Matthias Hues

Kickboxer 2: The Road Back (1991) 5.0
Kickboxer 2: The Road Back (1991) Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ‌ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်‌ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie

Kickboxer 2: The Road Back (1991)

Gunfight at Rio Bravo (2023) 4.8
Gunfight at Rio Bravo (2023) Gunfight at Rio Bravo (2023) ====================ရဲမှူးချုပ် Austin Carterနဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Hellhoundဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ကို ခရီးသွားကြ တယ်။ လမ်းမှာ Blind Chapel ဆိုတဲ့ မြို့မှာရပ်နားပြီး လူဆိုး ဂိုဏ်းခေါင်းဆောင်ကြီး Ethan Crawleyကို အဲ့မြို့ရဲ့ အကျဥ်း ခန်းမှာ ခဏချုပ်ထားတယ်။ ဒါပေမဲ့ Hellhoundဂိုဏ်းက လူတကာကိုသတ်ဖြတ်ပြီး ​မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးနေတဲ့ အရိုင်းအစိုင်းကောင်တွေဆိုတော့ Blind Chapelရဲ့ မြို့တော်ဝန် Bowmanက လက်မခံဘူး။ အဲ့လိုနဲ့ လက်ခံမယ်ပြောတဲ့ ရဲမှူး Vernon Kellyနဲ့ အငြင်းပွားပြီး နောက်တော့ Crawleysကို လက်ခံလိုက်ပါတယ်။အဲ့အချိန်မှာပဲ ဇာတ်လမ်းရဲ့အရှုပ်တော်ပုံကြီးက စတော့တာပဲ။ ဇာတ်လိုက်မင်းသား Ivanက ​သေနတ်ပစ်ကျွမ်းပြီး သူ့သရုပ်မှန် ကိုတော့ ဘယ်သူမှသေချာမသိကြဘူး။ Hellhoundဂိုဏ်းက သူတို့ခေါင်းဆောင်ကိုပြန်ခေါ်ဖို့ Blind Chapel မြို့ကို လာတိုက် ဖို့ကြံတာမို့ ရဲမှူး Vernon၊ ရဲမှူးချုပ် Austin နဲ့ Ivan ...
movie

Gunfight at Rio Bravo (2023)

2023
Terror on the Prairie (2022) 6.7
Terror on the Prairie (2022) Terror on the Prairie (2022) ဂျပ်ဘ်မက်အယ်လစ်စတာဟာ တစ်ချိန်ကခွဲထွက်ရေးဝါဒီစစ်သားတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ မွန်တာနာကိုမိသားစုနဲ့အတူပြောင်းရွှေ့နေထိုင်ရင်းခြံလုပ်ငန်းနဲ့အသက်မွေးနေပါတယ်။ ဇနီးဖြစ်သူဟတ်တီက သူ့အတိတ်နောက်ကြောင်းကိုသိပေမယ့် အပြည့်အဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း တစ်နေ့မှာတော့ ဂျပ်ဘ်ရဲ့ အတိတ်တွေဟာ ကပ္ပတိန်နဲ့ သူ့ဓားပြတွေအသွင်နဲ့ သူတို့ဆီကိုပြန်လည်ခြောက်လှန့်ဖို့ရောက်ရှိလာပါတော့တယ်။ အဲ့ဒီအချိန်ဟာ ဂျပ်ဘ်မြို့ကိုတက်သွားချိန်၊ အိမ်မှာ ဇနီးသည်မိန်းမသား ဟတ်တီနဲ့ လူမမယ်ကလေးနှစ်ယောက်ပဲ ရှိနေချိန်ဖြစ်ပါတယ်။တစ်ချိန်က စစ်ပြန်တွေ၊ အခုချိန်မှာ ဓားပြအဖြစ် အသက်မွေးနေတဲ့ လက်နက်အပြည့်အစုံ ယောက်ျားရင့်မာတစ်အုပ်ကို သူတို့ ဘယ်လိုရင်ဆိုင်တွန်းလှန်ကြမလဲ?Western ရုပ်ရှင်တစ်ခုကို ခေတ်ပေါ် home invasion thriller ဇာတ်ကားတွေလိုမျိုး suspense တွေ လှည့်ကွက်တွေအပြည့်နဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Alias ပါ။)File Size : 1.6GB, 670MB & 334MB Quality : 1080p WEBRip, 720p WEBRip & 480p Format : mp4 Duration ...
movie

Terror on the Prairie (2022)

2022