Channel Myanmar

Matthias Schweighöfer

Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie

Family Switch (2023)

2023
Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
Heart of Stone (2023) 5.0
Heart of Stone (2023) Heart of Stone (2023) =================နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadot ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား Jamie Dornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမီး Alia Bhatt တို့လည်း ပါဝင်ထားပါ တယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက် ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ် က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီး ကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင် ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခု ကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံ လာပြီး ချာတာတစ်ဖွဲ့လုံးကို ...
movie

Heart of Stone (2023)

2023
4K HEVC
Friendship!(2010) 6.5
Friendship!(2010) Friendship!(2010)===============အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကိုအူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့ကGDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှမမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီးဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ်အစစ်ခံရတော့တာပေါ့။ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး)တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကိုကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်းသူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျားခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုးတစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ်ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင်ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့  Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL ...
movie

Friendship!(2010)

The Swimmers (2022) 7.5
The Swimmers (2022) The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို  Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie

The Swimmers (2022)

2022
Army of Thieves (2021) 6.2
Army of Thieves (2021) Army of Thieves (2021)IMDb - 6.2/10ဒီ​နေ့ပဲ ထွက်ရှိလာတဲ့ Army of the Thieves ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါပြီ၊ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီးDieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာသူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာသူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ...Army of Dead franchise ရဲ့ မူမပျက်​အောင် ​သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ...
movie

Army of Thieves (2021)

2021
Valkyrie(2008) 7.1
Valkyrie(2008) Valkyrie(2008)သင်္ကြန်ပိတ်ရက်လေးမှာ ဒုတိယကမ္ဘာစစ်အခြေခံ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် 2008 ခုနှစ်ထဲ ထွက်ခဲ့တဲ့ Valkyrie ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ် Valkyrie ဆိုတဲ့အဓိပ္ပာယ်က နော်ဝေ ဒဏ္ဍာရီထဲက စစ်ပွဲထဲမှာ ဘယ်သူသေမယ် ဘယ်သူရှင်မယ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပါတယ် .. ဒီဇာတ်လမ်းထဲမှာတော့ Valkyrie ဆိုတာ ဟစ်တလာက သူ့အစိုးရကိုအရေးပေါ်ကာကွယ်ဖို့ ဘာလင်မြို့ပေါ်မှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်အရံစစ်တပ်ပဲဖြစ်ပါတယ် ... ဒီစစ်တပ် လုပ်တဲ့ စစ်ဆင်ရေးကို Valkyrie စစ်ဆင်ရေးလို့ခေါ်ပါတယ် ...ဟစ်တလာအစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေကို ဝေဖန်လို့ ရှေ့တန်းအပို့ခံရတဲ့ တပ်ရင်းမှူး စတက်ဖန်ဘာ့ (တွမ်ခရုစ်) ဟာ ဒဏ်ရာတွေရပြီးဘာလင်ကိုပြန်ရောက်လာပါတယ်... မကြာခင် ဥရောပမဟာမိတ်တွေက ဘာလင်ကိုချီတက် သိမ်းပိုက်တော့မယ့်အခြေအနေမှာ ဘာလင်ပြည်သူတွေရဲ့ဘေးကိုတွေးမိတဲ့ စတက်ဖန်ဘာ့ ဟာ ဘယ်သူသေသေ ငတေမာရင်ပြီးရောလုပ်နေတဲ့ ဟစ်တလာကိုလုပ်ကြံဖို့ ကြိုးစားပုံကို သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ကူးထားတဲ့အတွက် ရင်တမမ နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်.... IMDb - 701/10 ရရှိထားပြီးတော့ ...
movie

Valkyrie(2008)

Army of the Dead 7.5
Army of the Dead Army of the Dead (2021)ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ဇာတ်လမ်းက ဒီလိုပါ .....လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ ...
movie

Army of the Dead

2021
Resistance (2020) 6.0
Resistance (2020) Resistance (2020)==============IMDb Rating - 6.0/10#Unicodeဒီဇာတ်ကားရဲ့ အညွှန်းကိုမဖတ်ခင် . မင်းသားကိုမြင်တာနဲ့ ကြည့်ချင်သွားစေမယ်ဆိုတာတော့မှန်တယ်မှတ်လား။ ဟုတ်ပါတယ် Now You See Me လို အစရှိတဲ့နာမည်ကြီး ကားတော်တော်များများ ရိုက်ကူးထားတဲ့ မင်းသား Jesse Eisenberg က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်း အညွှန်းလေး ကို ပြောပြရရင်တော့ . . .သတ္တိရှိတယ်ဆိုတာ ကြောက်ရွံ့ခြင်းကို ဖြတ်ကျော်ပြီး ရဲရင့်လိုက်တဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။ကိုယ့်အသက်ကို ရင်းပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ရဲတာ သူရဲကောင်းပါ။ ဒီဇာတ်လမ်းကတော့ ဒုတိယ ကမ္ဘာစစ်က ဂျူးလူမျိုး၊ အနုပညာရှင် သူရဲကောင်းတစ်ယောက် ရဲ့ ကိုယ်ကျိုးစွန့်ပြီးသူများအကျိုးအတွက် ပထမဆုံး ရဲရင့်ဖူးတဲ့အချိန်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ မင်းသားJesse Eisenberg သရုပ်ဆောင်ကောင်းတာနဲ့ ဇာတ်လမ်းသွက်သွက်လေးနဲ့ တင်ဆက်ပုံ ကောင်းတာလေးတွေက နှစ်နာရီနီးပါးကြာတဲ့ တစ်ကားလုံးကို ခဏလေးလို့ ထင်ရလောက်အောင် ...
movie

Resistance (2020)

2020