Channel Myanmar

Maureen McGovern

Joseph: King of Dreams (2000) 6.4
Joseph: King of Dreams (2000) ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။ ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို တစ်ဖြည်းဖြည်း​ကြီးထွားလာစေပြီးတော့ ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။ သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။  IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ ရဲရဲကြီးအာမခံနိုင်တာမို့ အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။  File size…  1.27 GB /  502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin
movie

Joseph: King of Dreams (2000)

Airplane! (1980) 7.7
Airplane! (1980) IMDb Rating (7.7) / Rotten Tomatoes (97%)Rating တွေ သတိထားမိရင် ဒီဇာတ်ကားကို ဟာသကားလို့တောင် ထင်စရာမရှိပါဘူး...တကယ်တော့ Parody အမျိုးအစား ဟာသရုပ်ရှင်ဇာတ်ကားစစ်စစ်ပါ...မင်းသားကြီး Robert Hays အဓိကနေရာက သရုပ်‌ဆောင်ထားပြီးကနေဒီယန်ဟာသမင်းသားကြီး Leslie Nielsen (The Naked Gun မင်းသား) တို့လဲပါဝင်ထားပါတယ်။Classical ရုပ်ရှင်တွေထဲမှာ တော်တော်လေးရယ်ရတဲ့ရုပ်ရှင်ပါ...Paramount Pictures မှထုတ်လုပ်ထားပြီး ကုန်ကျငွေ $3.5 Million သာ ရှိခဲ့ပေမယ့်Box Office ရုံဝင်ငွေ $171 Million ကျော် ရရှိခဲ့တာမို့   စီးပွားရေးအရ သောက်သောက်လဲမြတ်စွန်းခဲ့သလိုအနုပညာအရလဲ အောင်မြင်ခဲ့တဲ့ဟာသရုပ်ရှင်ပါ။ဇာတ်လမ်းကတော့...Ted Striker ဆိုတဲ့လူဟာ လေယာဉ်ပျက်ကျဖူးတဲ့ လေယာဉ်မှူးတစ်ယောက်ပါ။နောက်တစ်ခေါက်လေယာဉ်စီးရမှာ ကြောက်နေပေမယ့် မထင်မှတ်ဘဲ လေယာဉ်ထပ်စီးရပါတယ်။ကံကဆိုးတော့ သူစီးတဲ့လေယာဉ်မှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအားလုံး အစာအဆိပ်သင့်ပြီးဒီလေယာဉ်ကြီး ချောမွေ့စွာ ဆင်းသက်ဖို့တာဝန်ဟာ Ted Striker ပုခုံးပေါ်ကို ...
movie

Airplane! (1980)