Channel Myanmar

Max Cheung

Detrimental ( 2023 ) 5.9
Detrimental ( 2023 ) ကုန်းမကြီးနဲ့ဝေးလံတဲ့ကျွန်းတစ်ကျွန်းမှာ သလင်းကျောက်တွေကို မျက်မမြင်အဖွဲ့တစ်ဖွဲ့နဲ့ လုပ်သမားတစ်ဖွဲ့ဟာ တူးဖော်ထုတ်လုပ်ကြရပါတယ်။ မတော်တဆဖြစ်ပြီး သူတို့ရဲစားနှိပ်ရိက္ခာတွေဟာ ရေမြုပ်သွားပါတယ်။ ဗဟိုဌာနကိုအကူအညီတောင်းပေမယ့် သဲမုန်တိုင်းကြီးတိုက်ခတ်နေတာကြောင့် အကူအညီတွေဟာချက်ချင်းရောက်မလာနိုင်ပါဘူး။ကျွန်းပေါ်ကအစာရေစာတွေအားလုံးကညစ်ညမ်းနေတာဖြစ်တဲ့အတွက် သူတို့တွေဟာအပြင်မှာကြာကြာအသက်ရှင်နိုင်ဖို့ခက်ခဲကြပါတယ်။ ရိက္ခာတွေမလောက်နဲ့အတွက် သူတို့ဟာမျက်ကန်းအဖွဲ့ကိုမောင်းထုတ်လိုက်ပါတယ်။ သူတို့တွေမထင်မှတ်ထားတာက ကျောက်မိုင်းထဲမှာ ထူးဆန်းသတ္တဝါတစ်ကောင်ရှိနေတယ်ဆိုတာကိုပဲ..... ဘေးကြပ်နံကြပ်အခြေနေမှာ ရိက္ခာမလုံလောက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းပြီး ထူးဆန်းသတ္တဝါကြီးကို မျက်ကန်းတစ်ဖွဲ့နဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Detrimental ( 2023 )

Social Distancing ( 2023 ) 6
Social Distancing ( 2023 ) ဒီတစ်ခါမှာတော့ Covidကာလအစောပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ ဟောင်ကောင်ဟော်ရာကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။Covid pandemicမှာလူတွေအားလုံးအိမ်တွင်းအောင်းကြရတော့ စိတ်ထွက်ပေါက်အဖြစ်နဲ့ လက်ကိုဖုန်းတွေကိုပဲပိုသုံးမိကြတာပေါ့။ နိုင်ငံခြားကပြန်လာတဲ့ချူထုံဟာ Youtube ချန်နယ်ဖွင့်ပြီး ကြည့်ရှုနှုန်းများအောင်ကြိုးစားနေပါတယ်။ သရဲတစ္ဆေအကြောင်းစိတ်လှုပ်ရှားစရာတွေရိုက်ရင် လူကြည့်များတယ်ဆိုကြလို့ သေသွားတဲ့သူတစ်ယောက်ရဲ့ဖုန်းကို Live လွှင့်ပြီးဖွင့်ပြတာပေါ့.....အဲဒီအချိန်ကစပြီးသူ့ဘေးနားမှာထူးဆန်းတာတွေဖြစ်လာပါတော့...... Digital spiritသရဲရှိတယ်ဆိုတာကစပြီးယုံလာပါတော့တယ်...... ဒီကားလေးမှာ လူငယ်တွေလက်ကိုင်ဖုန်းကိုအရမ်းစွဲလမ်းလွန်းလို့ဖြစ်ရတဲ့ဆိုးကျိုးတွေ...... မိသားစုကိုလစ်လျူရှုခဲ့မိလို့နောင်တရခဲ့ရပြီး တကယ်နောက်ပြန်လှည့်ချိန်မှာ ပြန်ဆုပ်ကိုင်ဖို့ အချိန်မမီတော့တာတွေကိုပါဖော်ပြသွားပါတယ်..... ဟော်ရာတွေရဲ့ထုံးစံအတိုင်း တကယ်သရဲလား ဘယ်လိုထူးဆန်းတဲ့အရာတွေကြောင့်ဖြစ်လာတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် ကားကောင်းလေးဖြစ်ပါတယ်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Social Distancing ( 2023 )

Hong Kong Family ( 2022 ) 5.9
Hong Kong Family ( 2022 ) ဒီနေ့မှာတော့ မိသားစု တစ်စုအတွင်းမှာ တွေ့ကြုံလေ့ရှိတတ်တဲ့ အကြောင်းအရာတွေအကြောင်း ရိုက်ကူးထားတဲ့ ဟောင်ကောင် မိသားစု ရုပ်ရှင်ကားလေးကို CM က ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ ။ဟောင်ကောင် မိသားစုတစ်စုဟာ ဇာတိမြေကိုပြန်ပြီး ဆောင်းဦးရာသီ မိသားစု လက်စုံထမင်းစားပွဲတစ်ခုကို ကျင်းပခဲ့ပါတယ် ။ ဒါပေမဲ့ ဒီလက်စုံထမင်းစားပွဲဟာ သူတို့ ထင်သလို ချောချောမွေ့မွေ့ဖြစ်မနေခဲ့ပါဘူး ။ မိခင်ဖြစ်သူ နဲ့ သားဖြစ်သူမင် တို့ နားလည်မှုတွေ ဖြစ်ရင်း မင်ဟာအိမ်ပေါ်ကနေ ဆင်းသွားခဲ့ပါတယ် ။ဒါ့အပြင် သမီးဖြစ်သူ လင်ဟာလဲ ယောကျာ်းနဲ့ ပြဿနာတွေဖြစ်ကာ သူတို့ရဲ့ လူမမည် ကလေးတွေကိုပါ စိတ်ဒဏ်ရာရစေခဲ့ပါတော့တယ် ။ သ ားဖြစ်သူ မင် နဲ့ သမီးဖြစ်သူ လင် တို့ရဲ့ အခြေအနေကို ကြည့်ရင်း မိခင်ကြီးမှာ စိတ်မအေးချမ်းနိုင်ဖြစ်ခဲ့ပြီး ဒီမိသားစုရဲ့ ဆက်ဆံရေးဟာလဲ ၁၀ စုနှစ်တိုင်တိုင် အေးစက်လို့ နေခဲ့ပါတယ် ။ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ မင် တစ်ယောက် မိခင်ကြီးဆီကို ပြန်လာနိုင်ပါ့မလား ? အဆင်မပြေမှုတွေ ရင်ဝယ်ပိုက်ထားတဲ့ သူတို့ ...
movie

Hong Kong Family ( 2022 )