Channel Myanmar

Max Metino

Boy’s Note (2023) 5
Boy’s Note (2023) Catatan Si Boy (2023) IMDb - 5.7/10ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အင်ဒိုမင်းသား မင်းသမီးငယ်ငယ်ချောချောလေးတွေများစွာ ပါဝင်ထားပါတယ်။ချစ်သူကို ပိုင်ဆိုင်ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဆိုပေမဲ့ မိဘကို ဆုံးရှုံးသွားရမှာမျိုးဆိုရင်တော့ ကြေကွဲစွာနဲ့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အတွက် ချစ်သူကိုထားခဲ့ပြီး အဖေ့စိတ်တိုင်းကျ နေခဲ့ပေမဲ့ ချစ်သူကိုတော့ ထာ၀ရချစ်သွားမယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပြီး နှစ်ဦးသား ပေါင်းစည်းနိုင်မှာလားဆိုတာ။ အချစ်စစ်မှန်ရင် အခက်အခဲအတားအဆီးတွေ များနေပါစေ ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ မိုတီလေးရမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size… 1.8GB | 937MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Boy’s Note (2023)

2023
Satria Dewa: Gatotkaca (2022) 6.2
Satria Dewa: Gatotkaca (2022) Satria Dewa: Gatotkaca (2022) ====================== IMDb Rating - 6.2/10အင်ဒိုနီးရှားဟာလည်း ကိုယ်ပိုင် စူပါဟီးရိုးတစ်ကောင်ကို အတွဲလိုက် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုဘိုင်းလဲဂျန်းဂိမ်းကစားသူတွေကတော့ ဒီစူပါဟီးရိုးနာမည်ကို ကြားဖူးမှာပါ။ ဂါတို့ကာ့ကြာပါပဲ။ ဒီဇာတ်လမ်းဟာ ရာမာယနလိုပဲ နာမည်ကြီး ပြဇာတ်ကြီးတစ်ခုဖြစ်တဲ့ မဟာဘာရာတာ ဇာတ်ကိုအခြေခံထားတာပါပဲ။ပန်ဒါဝါ တွေနဲ့ ကူရာဝါမျိုးနွယ်တွေဟာ ခရစ်တော်မပေါ်ခင်နှစ် ၃၀၀၀ လောက်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။ ကူရာဝါတွေဟာ ဖျက်ဆီးချင်း လုယူချင်းဗီဇရှိသူတွေဖြစ်ပြီး၊ ပန်ဒါဝါတွေကတော့ ဗီဇကောင်းရှိသူတွေဖြစ်ခဲ့ တာကြောင့် နတ်ဘုရားတွေဟာ စစ်ပွဲမှာ ပန်ဒါဝါတွေကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုဆန့်ကျင်ပြီး ကူရာဝါတပ်မှူး အဆွာတာမဟာ ပြန်တိုက် ခဲ့တာကြောင့် ထာဝရအကျဉ်းချခြင်းကိုခံလိုက်ရပါတော့တယ်။အဲဒီသမိုင်းကနေ ဒီနေ့ခေတ်ကိုအရောက်မှာတော့ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့ရဲ့ သခင် အဆွာတာမကို ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ ပန်ဒါဝါတွေအကုန်သေဆုံးပြီး အဆွာတာမလွတ်မြောက် လာမှာကို တားဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပန်ဒါဝါတွေရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာအဖြစ် စွမ်းအားရှင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီဂါတို့ကာ့ကြာ အသစ်ဟာ အစွမ်းတွေဘယ်လိုရပြီးဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 ...
movie

Satria Dewa: Gatotkaca (2022)

2022