Channel Myanmar

May Kelly

The Deadly Swarm (2024)
The Deadly Swarm (2024)  ဟော်ရာ သိပ္ပံရုပ်ရှင်သစ်ပါ။ ငွေလိုနေတဲ့ အယ်လီတို့သူငယ်ချင်းတစ်စုက ဒေါက်တာဖယ်လ်မန်းဆိုသူရဲ့ အခကြေးငွေရမယ့် ဆေးဝါးစမ်းသပ်မှုမှာ ဗော်လန်တီယာလုပ်ပေးဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကိုရောက်လာကြပါတယ်။အယ်လီတို့ရောက်ရှိသွားကြတဲ့အချိန်မှာတော့ အယ်လီတို့ကို အသိပေးထားသလိုမဟုတ်ဘဲ ဆေးဘက်၀န်ထမ်းလည်းတစုံတရာမရှိ၊ အယ်လီတို့ကို ဆေးဝါးစမ်းသပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ထားတဲ့ ဒေါက်တာဖယ်လ်မန်းရဲ့နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေရှိနေတဲ့အခါမှာတော့...အယ်လီတို့ သူငယ်ချင်းတစ်စုဟာ ဒေါက်တာဖယ်လ်မန်းရဲ့စံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံတွေ့ရမလဲ၊ အသက်အန္တရာယ်ပါကြုံတွေ့လာရတဲ့နောက်မှာတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလား၊ ဒေါက်တာဖယ်လ်မန်းနဲ့ သူ့နောက်ကွယ်က လျှို့ဝှက်စမ်းသပ်မှုတွေ၊ အကျည်းတန်တဲ့အရာတွေကရော ဘာတွေလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။ File size…(1 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre... Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

The Deadly Swarm (2024)

The Loch Ness Horror (2023)
The Loch Ness Horror (2023)  ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie

The Loch Ness Horror (2023)

Medusa’s Venom (2023) 5.2
Medusa’s Venom (2023)  ၂၀၂၃ ဖေဖော်ဝါရီက ထွက်ရှိထားတဲ့ Medusa Venom ရုပ်ရှင်ဇာတ်ကားက၂၀၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Medusa ဇာတ်ကားရဲ့အဆက်ဆိုပေမယ့် ပထမဇာတ်ကားနဲ့အဆက်အစပ်မရှိတာကြောင့် ယခုမှစကြည့်ဖို့သင့်တော်တဲ့ Horror အမျိုးအစားဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။သူငယ်ချင်းကောင်လေးနှစ်ယောက် ညှဉ့်ငှက်ကလေးတွေရှိရာ ဂေဟာဆီလာရောက်အပန်းဖြေရာကနေ ဇာတ်လမ်းကိုစတင်ဖွင့်လှစ်ထားပါတယ်။လာရောက်ပျော်ပါးတဲ့ သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ဟာ အဖြစ်ဆိုးနဲ့ကြုံရပြီး နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပါတယ်။ရက်အနည်းငယ်အကြာမှာ ညှဉ့်ငှက်ကောင်မလေးတွေရဲ့ ဂေဟာကို လိုလာဆိုတဲ့ကောင်မလေးတစ်ယောက်လာရောက်တည်းခိုရာက သူကိုယ်တိုင်လိင်ဖျော်ဖြေရေးလုပ်သားဖြစ်သွားပြီး ဇာတ်လမ်းအစ ထွက်ပြေးသွားတဲ့ကောင်လေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ကောင်လေးနဲ့လိုလာတို့ဟာ လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ကြိုးစားကြရင်း ဆန်းကြယ်တဲ့ သဘာဝလွန်အဖြစ်အပျက်တွေနဲ့ကြုံတွေ့လာရပါတယ်။လိင်ဖျော်ဖြေရေးဂေဟာရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေဟာ ဘာဖြစ်မလဲ..လိုလာကကော ညှဉ့်ငှက်ဘဝကရုန်းထွက်နိုင်မှာလား..သဘာဝလွန်အဖြစ်အပျက်တွေက ဘာကြောင့်လဲ..မိန်းကလေးတွေချည်းပဲရှိတဲ့ ဂေဟာဟာ ဘယ်လိုအစွမ်းသတ္တိတွေကြောင့်တောစပ်မှာသီးခြားရပ်တည်နိုင်တာလဲ..ရုပ်ရှင်နာမည်အတိုင်း Medusa နတ်ဘုရားနဲ့ ဘယ်လိုများဆက်စပ်နေမလဲဆိုတာMedusa Venom ဇာတ်ကားမှာ ရှုစားကြရမှာဖြစ်ပါတယ်။ ညှဉ့်ငှက်မိန်းကလေးများနဲ့လိင်ဖျော်ဖြေရေးဂေဟာကို ဇာတ်အိမ်တည်ထားတာဆိုပေမယ့် အဖော်အချွတ်ကိုအသားမပေးဘဲ Horror ဦးစားပေးဇာတ်လမ်းဖြစ်ပြိး ရိုက်ကူးထုတ်လုပ်တဲ့နိုင်ငံကUK ဖြစ်တာကြောင့် British English စကားပြောနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.29GB / 593MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h ...
movie

Medusa’s Venom (2023)

Monsternado (2023)
Monsternado (2023)  အကောင်အကြီးကြီးတွေနဲ့ သဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားသစ်လေးတစ်ကားလာပါပြီ။ဒီဇာတ်ကားကတော့ Monsternado ဆိုတဲ့နာမည်အတိုင်းပဲသမိုင်းမတင်ခင်ကအကောင်ကြီးတွေအပြည့်ပါတဲ့ လေဆင်နှာမောင်းကြီးကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ဇာတ်လိုက်ကြီး Matt ကတော့ ဒီလိုဖြစ်လာမှာကိုကြိုသိခဲ့ပေမယ့် သူပြောတာကိုဘယ်သူမှမယုံခဲ့ဘူး။ ဒါပေမယ့်သူခန့်မှန်းခဲ့တွေအားလုံး တကယ်ဖြစ်လာတဲ့အခါမှာတော့ ဒီလေဆင်နှာမောင်းကြီးကိုတားဖို့ သိပ္ပံပညာရှင် Matt နဲ့အဖွဲ့ ဘယ်လိုကြိုးစားမလဲ....ပြေးရင်းလွှားရင်း ဘယ်သူတွေနဲ့ဆုံပြီး ဘယ်အကောင်တွေနဲ့ကြုံရမလဲဆိုတာကတော့... File size…1.53GB / 636MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 21m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyo
movie

Monsternado (2023)

Three Blind Mice (2023)
Three Blind Mice (2023)  သွေးသံရဲရဲနဲ့ ရက်ရက်စက်စက်သတ်ဖြတ်တာတွေပါတဲ့ Horror thriller ကြိုက်တတ်တဲ့သူတွေအတွက် Three Blind Mice ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အာဘီဂိုင်းလ်ဆိုတဲ့ကောင်မလေးဟာ မူးယစ်ဆေးစွဲနေတာကြောင့် ကောလိပ်ကနေအိမ်ပြန်ပို့ခံလိုက်ရပါတယ် အဲ့ဒါကြောင့် သူမိဘတွေဟာ သူတို့သမီးလေးဆေးပြတ်ဖို့ကို တိုင်ပင်ဆွေးနွေးပြီး ဆရာဝန်ရဲ့အကြံပြုချက်အရ မြို့နဲ့ဝေးရာ သစ်တောအုပ်ထဲက အိမ်လေးမှာခေတ္တသွားနေဖို့ဆုံးဖြတ်ခဲ့ကြပါတယ် အာဘီဂိုင်းလ်ရယ် သူ့မိဘတွေရယ် အာဘီဂိုင်းလ်ရဲ့အစ်ကိုရယ် နောက်သူ့သူငယ်ချင်းတစ်ယောက်ရယ် လိုက်သွားကြပါတယ်အဲဒီတောအုပ်ထဲမှာ ဘယ်လိုသတ္တဝါတွေကစောင့်ကြိုနေမလဲ သူတို့ဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကို အသဲတယားယားနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ လူကို ရက်ရက်စက်နှိပ်စက်ပြီး သွေးထွက်သံယိုရိုက်ကွက်တွေအများကြီးပါတာကြောင့် အစာစားရင်းမကြည့်ဖို့တော့အကြံပြုလိုပါတယ် File size…(1.2 GB)/(529 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Rubyjane
movie

Three Blind Mice (2023)

[18+] Graphic Desires (2022) 4.4
[18+] Graphic Desires (2022) [18+] Graphic Desires (2022) ======================ဇာတ်လမ်းအညွှန်းမစခင် ၁၈ယောက်စုပြီးကြည့်ရမဲ့ကားဖြစ်ကြောင်း ကြိုတင် အသိပေးပါတယ်ခင်ဗျာ။ ဇာတ်လမ်းကတော့ ဒီလိုဗျ။ ရုံးမှာ တစ်နေကုန်ထိုင်အလုပ်လုပ်ရတာကိုမကြိုက်ဘဲ အိမ်မှာပဲ WFH လုပ်ချင်တဲ့ အိမ်တွင်းပုန်း IT သမား ဖရန်ကလင်ဟာ ကောင်မလေး လည်းရှိ၊ အချစ်ဆုံးဘော်ဒါကြီးလည်းရှိ၊ အလုပ်လည်းရှိဆိုတော့ သူ့ဘဝကြီးက အိုကေစိုပြေတယ်လို့ပြောလို့ရပါတယ်။တစ်နေ့ကျ သူငယ်ချင်းလမ်းညွှန်ကောင်းမှုနဲ့ သူ့ရည်းစား ခရီးသွားခိုက်မှာ Dating app တစ်ခုကနေ အတ္တလန်တာဆိုတဲ့ စော်လေးတစ်ပွေနဲ့ သွားဒိတ်ပါတယ်။ အစ ကတော့ သူ့ကောင်မလေးအပေါ်သစ္စာမဖောက်ဘူးဆိုပြီး တကယ်တမ်းကျ ဒိတ်ရုံ မကလို့ တွေ့တဲ့ညမှာပဲ ရေနံတူးမိကြတဲ့အပြင် ရေနံတူးမှတ်တမ်းဗီဒီယိုပါ ရိုက်ထား လိုက်သေးတယ်တဲ့ဗျာ။ နောက်နေ့လည်းရောက်ရော အတ္တလန်တာက အကောင့် ဘာညာအကုန်ဖျက်ပြီး ပျောက်ချင်းမလှပျောက်သွားလေတယ်။ သကောင့်သားခမျာ တစ်ညပဲတွေ့ဖူးတဲ့ ကောင်မလေးကို အရမ်းတွေစွဲလမ်းသွားပြီး တစ်ခုခုများဖြစ်သ လားဆိုတဲ့စိတ်နဲ့ ရေတဆုံးမြေတဆုံးလိုက်ရှာပါလေရော။သူ့ဘော်ဒါကြီးပါလိုက်စုံစမ်းပေးပြီးတဲ့နောက် သိလိုက်ရတာက အဲဒီအတ္တလန်တာ ဆိုတဲ့ကောင်မလေးဟာ ဘယ်တုန်းကမှ မရှိဖူးတဲ့လူတစ်ယောက်ဆိုတာပါပဲ။ သူ့ဘော် ဒါက တကယ်မရှိကြောင်းရှင်းပြလိုက်၊ သူကလည်း ဒါဆို ဒီဗီယိုကဘာလဲဆိုပြီး သက် သေပြလိုက်နဲ့ ဇာတ်ကားတစ်ခုလုံးက အတ္တလန်တာရှာပုံတော်ဖွင့်ခန်းကြီးပါပေါ့။ နောက်ဆုံးမှာတော့ အတ္တလန်တာဆိုတာ တကယ်ရှိလား မရှိဘူးလား၊ မရှိရင် ...
movie

[18+] Graphic Desires (2022)

2022
Alien Invasion (2023)
Alien Invasion (2023)  Lyra‌မွေးနေ့အတွက် သူငယ်ချင်းတစ်စုဟာ Lyraအိမ်ကို ရောက်ရှိလာကြပါတယ်။မွေးနေ့ပါတီမှာ ဂိမ်းကစားရင်း ‌အလောင်းအစားနဲ့ ဘေးအိမ်ကရေကူးကန်မှာရေကူးကြဖို့ စိန်ခေါ်ကြပါတယ်။လျှို့ဝှက်ချက်တွေပြည့်နှက်နေတဲ့ ဘေးအိမ်မှာ ရေခိုးကူးရုံတင်မက အဖွဲ့ထဲကကိုစပ်စုက အိမ်ထဲကိုဖောက်ဝင်ပါတော့တယ်။ အိမ်ရဲ့မြေအောက်ခန်းမှာသူတို့မထင်မှတ်ထားတဲ့အရာကို တွေ့ရှိကာ ပြန်ထွက်ဖို့ကြိုးစားပေမဲ့ အိမ်ရှင်လည်းပြန်ရောက်လာတာကြောင့် ထွက်မရဘဲ ပိတ်မိနေပါတော့တယ်။ သူတို့ဘာဆက်လုပ်ကြမလဲမြေအောက်ခန်းထဲမှာရှိနေတာကရောဘာလဲ ဘာအန္တရာယ်တွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးခင်ဗျာ။  File size…0.99GB / 383MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 13m Genre ….. Horror , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Alien Invasion (2023)

Winnie-the-Pooh: Blood and Honey (2023) 4.3
Winnie-the-Pooh: Blood and Honey (2023) Winnie-the-Pooh: Blood and Honey (2023) ==============================ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်း စိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့ နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြော ကြားထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း --------------------- ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာ မျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေး ကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစား ရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာ ဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့ တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီ ကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ် လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်း ပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေ ကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရော လူသားတွေကိုရော မုန်းတီးလာတဲ့အခါ...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.3 GB) / (523 MB) / (300 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar ...
movie

Winnie-the-Pooh: Blood and Honey (2023)

2023
The Killing Tree / Demonic Christmas Tree (2022)
The Killing Tree / Demonic Christmas Tree (2022) Christmas လည်းရောက်ခါနီးပြီဆိုတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Christmas Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဥ်း Christmas ရဲ့ထုံးတမ်းစဥ်လာတွေနဲ့ ပတ်သက်ပြီး တစ်ဖက်စွန်းရောက်နေတဲ့ psycho လင်မယား၂ယောက်ရှိပါတယ်.. ဒါပေမယ့် တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ယောက်ျားဖြစ်သူ သေဒဏ်ပေးခံလိုက်ရပါတယ်.. ဒါကြောင့် Christmas Eve ညမှာ အပယ်ခံမုဆိုးမဟာ ရှေးဟောင်းမန္တာန်တစ်ခုနဲ့ သူ့ယောက်ျားကို ပြန်အသက်သွင်းပါတော့တယ်.. ဒါပေမယ့် မန္တာန်မှားပြီး သူ့ယောက်ျားရဲ့ ဝိညာဥ်ဟာ Christmas သစ်ပင်ကြီးထဲကို ဝင်သွားတဲ့အခါမှာတော့.... Christmas သစ်ပင်ခန္ဓာကိုယ်နဲ့ သူ့ကိုသေဒဏ်ကျအောင် လုပ်တဲ့သူတွေကို ဘယ်လို လိုက်ရှာသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး..File size…(1.35GB)  / (635.18MB) / (277.01MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre... Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal
movie

The Killing Tree / Demonic Christmas Tree (2022)