Channel Myanmar

Maya Parish

Midnight Son (2011) 5.8
Midnight Son (2011)  Midnight Sun ဆိုတဲ့နေရောင်နဲ့ ထိတွေ့လို့မရတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကိုတော့တော်တော်များများကြည့်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ Midnight Son ဆိုတဲ့ဇာတ်ကားကတော့ နာမည်ချင်းဆင်သလို ဒီကားထဲကမင်းသားကလည်းနေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါပေမယ့် ဒီကားကအချစ်ဇာတ်လမ်းဆိုတာထက်နည်းနည်း Dark ပိုဖြစ်တဲ့သွေးထွက်သံယိုတွေ သည်းထိပ်ရင်ဖိုတွေဖက်သွားပါတယ်။IMDb မှာ Rating 5.8 ရထားပြီး အဲ့လိုထူးထူးဆန်းဆန်းလူတွေအကြောင်းကြည့်ချင်တဲ့လူတွေအတွက်တော့ ကြည့်လို့ကောင်းမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ***************ဂျေကော့ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်က အမြဲတမ်းဖြူဖတ်ဖြူရော်ဖြစ်နေပြီး သူ့မှာသွေးအားနည်းတတ်တဲ့ရောဂါရှိပါတယ်။အဲ့ဒီအပြင်ကိုမှသူ့အရေပြားက မူမမှန်တဲ့အတွက် နေရောင်နဲ့ထိရင်အလွယ်တကူ လောင်ကျွမ်းတတ်ပါတယ်။ဒီတော့တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ညဘက်မှာလုံခြုံရေးအဖြစ် အလုပ်လုပ်ရင်းအသက်မွေးနေပါတော့တယ်။တစ်နေ့မှာ ညဘက်လျှောက်သွားရင်း ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျေကော့ဘ်ရဲ့ ကျန်းမာရေးက ဆိုးသထက်ပိုဆိုးလာပြီး ကြံရာမရဖြစ်နေတဲ့အချိန်မှာ လူသွေးသောက်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ထူးဆန်းစွာနဲ့ပဲ လူသွေးသောက်ပြီးသက်သာသွားတဲ့အတွက်နောက်ပိုင်း ရဖို့ခက်ခဲတဲ့လူသွေးတွေကို အဆက်မပြတ်လိုလာတဲ့အခါမှာဂျေကော့ဘ်တစ်ယောက်ဘယ်လိုကြံဖန်ပြီးတော့ ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာမယ်ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.68 GB / 749 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Midnight Son (2011)