Channel Myanmar

Maynor Alvarado

Aristotle and Dante Discover the Secrets of the Universe (2022) 7.1
Aristotle and Dante Discover the Secrets of the Universe (2022)  Aristotle and Dante Discover the secrets of the Universeဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက်LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူနာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto ကရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက်အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံအယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာနွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေအများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့်ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက်အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီကအာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက်အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

Aristotle and Dante Discover the Secrets of the Universe (2022)

La Confesion (2024)
La Confesion (2024) La Confesion / Confessions of a Cam Girl (2024) IMDb - 6.0/10ခရစ္စတင်းဆိုတဲ့ ကျောင်းသူလေးက မိဘတွေစကားကိုနားထောင်တဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်။ မိဘနှစ်ပါးစလုံးက သူတို့မတက်ခဲ့ရတဲ့ ကောလိပ်ကျောင်းတော်ကြီးကို သမီးဖြစ်သူ ခရစ္စတင်း တက်ဖို့အရေး အဖက်ဖက်က ဝိုင်းဝန်းထောက်ပံ့အားပေးနေကြတဲ့ စိတ်အားထက်သန်ကြသူတွေ။ ခရစ္စတင်းရဲ့ မိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ မတူညီနေတာက ကောလိပ်မတက်ဘဲ ပဲရစ်ကိုသွားပြီး ဒီဇိုင်နာလုပ်ဖို့ အိပ်မက်ရှိနေပါတယ်။ ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကောလိပ်စရိတ်ထဲကနေ ထောက်ပံ့ပေးဖို့ပြောပေမဲ့ မိဘတွေက လုံး၀လက်မခံကြပါဘူး။ ဒီလိုနဲ့ပဲ ပဲရစ်က ဖက်ရှင်ပရိုဂရမ်တစ်ခုမှာ တက်ဖို့အရေး လိုချင်တဲ့ငွေပမာဏရအောင် XPဆိုတဲ့ ဖော်ချွတ်အက်ပ်တစ်ခုမှာ အကောင့်ဖွင့်ပါတော့တယ်။ အဲဒီကစလို့ သူ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ရင်ဆိုင်လာရတာတွေနဲ့အတူ မင်းသမီးချောလေးရဲ့ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ရှုမြင်ရင်း ခံစားကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3hanက ဘာသာပြန်တင်ဆက်ထားပါတယ်)Genre..... Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 629MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle ...
movie

La Confesion (2024)